ဆင်ဖြူရှင် မြေဒူးမင်း (၁၁၂၅-၁၁၃၈)

နောင်တော်ကြီးမင်း နတ်ရွာစံလျှင် သားတော်မြေဒူးမင်းသား သီရိဓမ္မရာဇာသည် ထီးနန်းဆက်ခံလေသည်။ ထိုမင်းလက်ထက် ဇင်းမယ်ကို အောင်နိုင်၍ အဘယဂါမဏိကို ဇင်းမယ်မြို့ဝန် ခန့်လေသည်။ ၁၁၂၅ ခုနှစ်တွင်ပင် အင်းဝြမို့တော်ကို ပြုပြင်၍ နေမျိုးသီဟပတေ့အား ယိုးဒယားသို့ ချီစေလေသည်။ 

၁၁၂၇ ခုနှစ်တွင် အင်းဝသို့ မြို့တော်ပြောင်းလေသည်။ ၁၁၂၆ ခုနှစ်တွင် မဟာနော်ရထာအား ထားဝယ်ကြောင်းဖြင့် ယိုးဒယားသို့ ချီစေပြန်လေသည်။ ယိုးဒယားကို အောင်နိုင်၍ သုံ့ပန်းပညာသည်များ အပါအ၀င် လူတစ်သိန်းကျော် ခေါ်ဆောင်လာခဲ့လေသည်။ 

ထိုမင်းလက်ထက်တွင် ဗြိတိသျှတို့က မြှောက်ပေးသဖြင့် မဏိပူရက ထိပါးနှောင့်ယှက်လာရာ ၁၁၂၆ ခုနှစ်တွင် ချီတက်နှိမ်နင်းရလေသည်။ ၁၁၂၇ ခုနှစ်တွင် ဗန်းမော်မှ တရုတ်ကုန်သည်တစ်ဦးသည် ဗန်းမော်စစ်ကဲကို မချေမငံပြု၍ နေပြည်တော်သို့ပို့၍ စစ်ဆေးသည်တွင် ပြန်၍လွှတ်လိုက်သော် တရုတ်ပြည် မိုင်းဆည်ဝန်ထံ တိုင်ကြားလေသည်။ 

ကျိုင်းတုံတွင်လည်း တရုတ်ကုန်သည်တစ်ဦးသည် အကြွေးတောင်းရာမှ ခိုက်ရန်ဖြစ်ပွားသဖြင့် ငယ်သားတစ်ဦး သေဆုံးသည်တွင် မြန်မာမြို့ဝန်က စီရင်ဆုံးဖြတ်သည်ကို မကျေနပ်ဘဲ မိုင်းဆည်ဝန်ကို တိုင်ကြားလေသည်။ 

တရုတ်တို့လည်း ကျိုင်းတုံကို လာရောက်ထိပါးရာ ၁၁၂၇ ခုနှစ်တွင် လက်ဝဲဝန်မှူးကို စေလွှတ်တိုက်ခိုက်စေလေသည်။ ၁၁၂၈ ခုနှစ်တွင် တရုတ်တို့ ဗန်းမော်သို့ ချီလာပြန်ရာ မြန်မာတို့က နိုင်နင်းစွာ တိုက်ထုတ်နိုင်လေသည်။ 

၁၁၂၉ ခုနှစ်တွင် တရုတ်တို့ ချီတက်လာပြန်၍ သိန္နီကို တိုက်ပြန်လေသည်။ တရုတ်တို့ အင်အားကြီးမားလှသော်လည်း တိုက်လှန်နိုင်လေသည်။ ၁၁၃၁ ခုနှစ်တွင် ဗန်းမော်သို့ တရုတ်တပ် ချီလာပြန်ရာ တရုတ်တို့တွင် လူပေါင်းပေါများလှ၍ သတ်သော်လည်း ကုန်မည်မဟုတ်ဟု ဗိုလ်မှူးမဟာသီဟသူရက စစ်ပြေငြိမ်းခဲ့လေသည်။

စစ်ပြေငြိမ်းသည်ကို ဘုရင်အမျက်တော်ရှိသဖြင့် မဟာသီဟသူရသည် မဏိပူရကို ဆက်လက်တိုက်သိမ်းလေသည်။ ၁၁၃၃ ခုနှစ်တွင် မကွေးမြို့မှ ဆင်ဖြူတော်ရ၍ ဆင်ဖြူရှင်ဘွဲ့ ခံတော်မူလေသည်။

https://m.facebook.com/story.php?story_fbid=242279050873778&id=100052750552142

Comments

Popular posts from this blog

ဆဋ္ဌမရေးမြို့သမုတ်နယ်နိမိတ်ကျောက်တိုင်များ==========================

Guys of Yangon,1930 (Part 12)အခန်း(၁၃)