စစ်သူကြီး မဟာဗန္ဓုလ မြန်မာနိုင်ငံတွင် စစ်သူကြီးများ ရှိသည့်အနက် အမြော်အမြင် ရှိခြင်း ၊ ရဲရင့်ခြင်း ၊ လုံ့လဝီရိယ ရှိခြင်း ၊ မြင့်မြတ်သော နှလုံးထားရှိခြင်း တို့တွင် သူထက်လွန်သော မဟာဗန္ဓုလ စစ်သူကြီး အကြောင်းတို့ကို မကျဉ်းမကျယ် ဖော်ပြပေအံ့။ အထက်မြန်မာနိုင်ငံ အောက်ချင်းတွင်းနယ် တပယင်းတွင် (ငပယင်းလည်း ဟူ၏) လယ်ယာကိုင်းကျွန်း လုပ် ကိုင်စားသောက်ရ၍ ပစ္စည်းဥစ္စာ ချို့တဲ့ရှာသော ဦးပေါက်တော ၊ မယ်မိငြိမ်တို့မှ မောင်ရစ် ၊ မောင်အေး ၊ မယ်ဒုတ် ၊ မောင်မြတ်နေ တို့ကို မွေးဖွားရာ မောင်ရစ်ကား နောင်အခါ မဟာဗန္ဓုလ စစ်သူကြီးဟု ထင်ရှားကျော်စောသူ ဖြစ်လာလေသည်။ မောင်ရစ်၏ ဖွားသက္ကရာဇ်ကား ၁၁၄၄ ခု ၊ တန်ဆောင်မုန်းလဆန်း ၂ ရက် ၊ တနင်္လာနေ့ နံနက် တစ်ချက် တီးအချိန် ဖြစ်သည်။ ရန်ကုန်မြို့ ကွယ်လွန်သူ ဗေဒင်ဆရာ ဦးထွန်းငြိမ်းထံမှ ရသော ဇာတာပုံအရဖြင့် ကန်တွင် ၁-၂-၃-၆ ၊ တူ တွင် ၄ လ ၊ ဗြိစ္ဆာတွင် -၀ ၊ ဓနုတွင် - ၅ ၊ မိန်တွင် - ၈ တည်နေလေသည်။ ထိုဗေဒင်ကိန်းအရ မည်သည့် နေရာမဆို ပြုလုပ်ဆောင်ရွက်လျှင် ထူးထူးချွန်ချွန် သူများထက် ကဲလွန်အောင် ကောင်းသည့်နေရာ၌ လည်းကောင်း ၊ ဆိုးသည့်နေရာ၌ လည်းကောင်း ပြုတတ်၏။ အလွန် ထက် မြက် သော စိတ်လည်း ရှိတတ်၏။ မောင်ရစ် ၁၃ န...
Popular posts from this blog
အတိတ်ကပုံရိပ်များ……{အပိုင်း ၃၆-၃၇}
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖ အတိတ်ကပုံရိပ်များ……{အပိုင်း ၃၆} ® ဗေဒါ Lucres Wood ဘက်ကနေ ရန်ကုန်ပြန်ရောက်တော့ mr.လု က ဂျပန်ဘက်ကို သွားမည့်ခရီးမှာ သူနှင့်အတူလိုက်ပါရန်ဆိုလာပါတယ် အလုပ်ကိစ္စာဘယ်ဖြစ်မည်ထင်၍ ဗေဒါ ထုံးစံအတိုင်းမမေးခဲ့မိပါ မသွားခင်တော့ အေးဆေးအနားယူရန်ဆိုပါ၏ ဂျာနှုး နေရာတွင်တော့ mr.လု သမီးတစ်ယောက်က တာဝန်ဝင်ယူထား၏ သူက စင်္ကာပူကဘွဲ့ ရခဲ့ပြီး ဘာသာစကား၅ခုကိုကျွမ်းကျင်စွာ ပြောဆိုတတ်၏ စီးပွားရေးပါရဂူဘွဲ့  ရရှီခဲ့သူဖြစ်သည် လော်ကြီး ၏ လမ်းစဉ်ဖြစ်သော် ပညာသည်သာ အားထားရာ ဟူသောလမ်းကြောင်းပေါ်သို့  လော် တတိယမျိုးဆက်သစ်များ လျှောက်လမ်းလာမှုက ပုံပေါ်လာပြီ ထင်ပါသည် ဂျာနှုး ရုံးခန်းလေးမြင်တော့ ဂျာနှုးကို သတိရမိပြန်၏ နှစ်အတော်ကြာ သံယောဇဉ်ရှိခဲ့ကြသူနှစ်ဦး၏ချစ်ခြင်းက စာဖွဲ့ ပြရန် ကဗျာ မမှီ စာမပီ နှိင်ပါ အချစ်ကို မေတ္တာတရားဖြင့်တည်ဆောက်ထားသူများအတွက် ခံစားချက်က ကြီးမားပါ၏ ဗေဒါ နေထိုင်ရန် ဂျာန...
အလောင်းမင်းတရား(ခ)အလောင်းဘုရား အလောင်းမင်းတရားကြီး ဦးအောင်ဇေယျသည် တတိယ မြန်မာနိုင်ငံတော်ကြီး (ကုန်းဘောင်ခေတ်)ကို ထူထောင်ခဲ့သူ၊ အမျိုးသား စည်းလုံးညီညွှတ်ရေးကို ဆောင်ရွက်၍ ကဗျာစာပေများကို ချီးမြှောက်ခဲ့သည်။ မြန်မာ့စစ်အင်အားနှင့် တန်ခိုးသြဇာ ပြန်လည်ကြီးမားလာစေရန် ဆောင်ရွက်ခဲ့သည်။ အင်္ဂလိပ်များ မှတ်တမ်းတင်ခဲ့သော အလောင်းဘုရားခေတ် အလောင်းမင်းတရား(ခေါ်)အလောင်းဘုရား(၁၇၁၄ - ၁၃ ဧပြီ ၁၇၆၀) ၏ အမည်ရင်းမှာ ဦးအောင်ဇေယျဖြစ်သည်။ ထီးနန်းမစိုးစံခင် အချိန်က မုဆိုးဖိုရွာ၏ ရွာသူကြီးဖြစ်ပြီး ကုန်းဘောင်မင်းဆက်ကိုထူထောင်သူ ပထမဆုံးမင်းဖြစ်သည်။ အင်းဝကို ဗဟိုပြုကာ ထီးနန်းစိုးစံနေကြသည် ညောင်ရမ်းမင်းဆက်သည် နောက်ဆုံးတွင် အောက်အရပ်မှ ဗညားဒလ ဦးဆောင်သည့် မွန်တို့ ဟံသာဝတီမှ ပုန်ကန်မှုကို မဟန့်တားနိုင်တော့ပဲ ပြိုလဲခဲ့ပြီး အင်းဝမှာလည်း မွန်စစ်သူကြီး ဒလပန်း ကသိမ်းပိုက်ကာ အနီးအပါးမှ မြန်မာတို့ကို အုပ်ချုပ်နေခဲ့သည်။ ထို့ပြင် မန္တလေးအနီးတဝိုက်တွင် လည်း ကွေ့ရှမ်း ဂုဏ္ဏအိမ် ဦးဆောင်သည့် အုပ်စုတစ်ခုကလည်း တစ်ထီးတစ်နန်းထူထောင်ရန် ကြိုးပမ်းလျက်ရှိသည်။ ထိုအချိန်တွင် မုဆိုးဖိုရွာမှ ရွာသူကြီး ဦးအောင်ဇေယျသည် အနီးအပါးမှ ကျေးရွာများ...
Comments
Post a Comment