နောက်ဆုံးတိုက်ပွဲ (လစ်ဗျား)

👇​သေချာဖတ်​စေချင်တယ်
■ နောက်ဆုံးတိုက်ပွဲ (လစ်ဗျား)

တော်လှန်ရေးတွေမှာနောက်ဆုံး သို့မဟုတ် အထွတ်အထိပ်တိုက်ပွဲက မြို့တော်သိမ်းတဲ့တိုက်ပွဲတွေ ဖြစ်ပါတယ်။ လစ်ဗျားနိုင်ငံမှာ အာဏာရှင်ဂဒါဖီလက်ထဲက မြို့တော်ထရီပိုလီကို သိမ်းပိုက်ဖို့ ဒီမိုကရေစီတော်လှန်ရေးသမားတွေ အကြမ်းဖက်လက်နက်ကိုင်နည်း၊ အကြမ်းမဖက်နိုင်ငံရေးအံတုနည်းတွေနဲ့ ဘယ်လိုကြိုးစားခဲ့ကြတယ် ဆိုတာကို ကျနော်တို့ရဲဘော်တွေ လေ့လာအတုယူနိုင်အောင် မျှဝေလိုက်ပါတယ်။

တိုက်ကွက်-၁

ဖေဖော်ဝါရီ ၂၀ ရက်နေ့ ထရီပိုလီမြို့တော်မှာ ဆန္ဒပြပွဲတွေ ပေါက်ဖွားလာချိန်မှာ အသက် ၃၀ အရွယ် သွားဖက် ဆိုင်ရာဆရာဝန် နီဇာမှာနီ ဟာ အင်္ဂလန်နိုင်ငံ ကာဒစ်ဖ်မြို့ သွားဆေးခန်းတခုမှာ အလုပ်လုပ်နေတာ ဆယ်နှစ်ကျော် နေပြီဖြစ်ပါတယ်။ မိခင်နိုင်ငံက ဒီမိုကရေစီတိုက်ပွဲသတင်းကြားရတဲ့အခါ သူဟာ ချက်ခြင်းဘဲအထုပ်အပိုး တွေပြင်ပြီး ရရာလေယာဉ်နဲ့ အမြန်ပြန်လာခဲ့ပါတယ်။ သူပြန်ရောက်ချိန်မှာ အာဏာရှင်အစိုးရက အကြီးအကျယ်ဖြိုခွဲနှိမ်နင်းနေ တဲ့အချိန် ဖြစ်နေပါပြီ။ 

ဒါကြောင့် သူဟာ နဂိုမျှော်လင့်ထားသလို ဆန္ဒပြပွဲထဲ ဝင်မနွှဲနိုင်ဘဲ ထိတ်လန့်ခြောက်ခြားနေတဲ့ မြို့တော်ထဲမှာ စစ်အစိုးရ ပြောရေး
ဆိုခွင့်ရှိသူ မူဆာအီဘရာဟင်က အခြေအနေတွေအားလုံး ကောင်းနေပြီ၊ ခေါင်းဆောင်ကြီးဂဒါဖီ နောက်မှာ ပြည်သူလူထုတွေ ခိုင်ခိုင်မာမာရပ်တည်နေတယ် ဆိုတဲ့လေလုံးတွေ နားထောင်နေရပါတယ်။ 

အဲဒီဝါဒဖြန့်ချက်တွေကိုတန်ပြန်ပြီး တော်လှန်ရေးမီးတောက်ကို ဆက်လက်ထွန်းညှိဖို့၊ လူထုစိတ်ဓာတ်ကို ဆက်လက် မြှင့်တင်ဖို့အတွက် တခုခုလုပ်ရမယ်လို့ နီဇာမှာနီက ခံယူခဲ့ပါတယ်။

 တကယ်တော့ သူ့မှာ မြေအောက် နိုင်ငံရေးလှုပ်ရှားမှု အတွေ့အကြုံ ဘာမှမရှိခဲ့ဖူးပါဘူး။ ဘာသင်တန်း မှလဲ မတက်ဖူးပါဘူး။

ဧပြီလမှာ သူနဲ့ မိတ်ဆွေ တဒါဇင်လောက်ဟာ မြို့တော်အလယ်ဗဟိုမှာ အရုဏ်ဦးဆန္ဒပြပွဲတခု ကျင်းပခဲ့ပြီး မျက်နှာကို ပုဝါစည်းလျက်နဲ့ အာဏာရှင်ကို ရှုံ့ချတဲ့ကြေညာချက်ကို ဖတ်ပြခဲ့ပါတယ်။ ဒါတွေအားလုံးကို ဗီဒီယိုရိုက်ထားခဲ့ပါတယ်။

သူဟာ အစပိုင်းမှာ မသိနားမလည်တဲ့အတွက် သူ့နာမည်ရင်း နဲ့ ဂျီမေးလိပ်စာကိုသုံးပြီး လစ်ဗျားနိုင်ငံရောက် ဝါရှင်တန် ပို့စ် သတင်းထောက်ကို ဆက်သွယ်ခဲ့ပါသေးတယ်။ ဒါပေမဲ့ မကြာခင်မှာဘဲ လုံခြုံရေးကို သဘောပေါက်လာပြီး တင်း တင်းကြပ်ကြပ်သတိရှိခဲ့ပါတယ်။ ဘင်အစ္စာ ဆိုတဲ့ ရှေးဟောင်းနာမယ်ဝှက်ခံပြီး သူ့ဝမ်းကွဲညီရယ်၊ အင်မတန်ရင်းနှီးတဲ့ သူငယ်ချင်းနှစ်ယောက်ရယ် အတူတွဲပြီး 'လွတ်လပ်တဲ့မျိုးဆက်လှုပ်ရှားမှု' ဆိုတဲ့အဖွဲ့ကို ထူထောင်ခဲ့ပါတယ်။

ထရီပိုလီမြို့မှာ သူ့လိုဘဲ လူထုတိုက်ပွဲကို ဆက်လက်ရှင်သန်အောင် ကြိုးစားနေတဲ့ တခြားအဖွဲ့လေးတွေလဲ ရှိကြပါ တယ်။ သူတို့ဟာ အသေးစားဆန္ဒပြပွဲလေးတွေ လုပ်ကြသလို တခါတလေ အစိုးရစစ်ဆေးရေးဂိတ်တွေကို လက်နက် ကိုင်တိုက်ခိုက်ကြပါတယ်။ ဒါပေမဲ့ နီဇာကတော့ အကြမ်းမဖက်အာဏာဖီဆန်ရေးသက်သက်ကို ဇောင်းပေးပါတယ်။ သူ့ရဲ့ ငြိမ်းချမ်းတဲ့လှုပ်ရှားမှုတွေဟာ အယ်လ်ဂျာဇီးရား ရုပ်သံလိုင်းနဲ့ ကမ္ဘာ့မီဒီယာတွေပေါ် ရောက်သွားခဲ့ပါတယ်။

ဖေဖော်ဝါရီလူထုတိုက်ပွဲ ဖြစ်တဲ့အခါ လစ်ဗျားအစိုးရက အင်တာနက်ကိုပိတ်ပစ်ခဲ့ပါတယ်။ ဒါပေမဲ့ နီဇာ့ညီဝမ်းကွဲ ၂၆ နှစ်အရွယ် မွတ်က်တာမှာနီဟာ အစိုးရဝန်ထမ်းအိုင်တီကျွမ်းကျင်သူပီပီ အစိုးရအင်တာနက်ထဲ ဖောက်ဝင်၊ အစိုးရ ဂြိုလ်တုဆက်သွယ်ရေးစလောင်းကိုသုံး၊ ဆန္ဒပြပွဲသတင်းတွေ အရုပ်တွေကို ပြင်ပကမ္ဘာကို ဖြန့်ပေးခဲ့ပါတယ်။ 

ရက်သတ္တပတ်အနည်းငယ်အတွင်း သူတို့ရဲ့အာဏာဖီဆန်ရေးလုပ်ရပ်တွေ ကမ္ဘာတလွှားကရုပ်သံလိုင်းတွေပေါ် ရောက်သွားတဲ့အခါ သူတို့ဟာ အစိုးရအနေနဲ့ အင်​တာနက်လမ်းကြောင်းကနေ
သူတို့ဆီခြေရာခံနိုင်မယ်လို့
 တွက်ပြီး မွတ်က်တာလုပ်တဲ့ အစိုးရရုံး ခေါင်မိုးပေါ်က ၁.၈ မီတာ ဂြိုလ်တုစလောင်းတခုကို အသာဖြုတ်ခိုးခဲ့ပါတယ်။ လူထု အုံကြွမှု ဖြစ်ပြီးကတည်းက အစိုးရဝန်ထမ်းတွေကလဲ ရုံးမတက်ကြတော့တဲ့အတွက် စလောင်းကြီးကို အေးအေးဆေး ဆေးမ လာနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီစလောင်းနဲ့ဘဲ ပြင်ပကမ္ဘာကို တိုက်ရိုက်ချိတ်ဆက်ခဲ့ပါတယ်။ စလောင်းကိုတော့ မကြာခဏ နေရာရွှေ့ပေးပါတယ်။

နီဇာနဲ့ရဲဘော်တွေဟာ နက်-နီ-စိမ်း လစ်ဗျားအလံဟောင်း (ဝါ) သူပုန်အလံကို ညဖက်မှာ တံတားတွေမှာ ချိတ်ဆွဲ၊ လမ်းမတွေပေါ် မှုတ်ဆေးနဲ့ဖြန်း လုပ်ခဲ့ကြပါတယ်။ မီးပုံးပျံတွေမှာ အလံချိတ်ပြီး အရုဏ်တက်မှာ လွှတ်တင်တာလဲ လုပ်သလို လမ်းဒေါင့်တွေမှာ လော်စပီကာတွေဆင်ပြီး နိုင်ငံတော် သီချင်းဟောင်း လွှင့်တာလဲ လုပ်ခဲ့ပါတယ်။ အရေး အကြီးဆုံးက ဒီလုပ်ရပ်အားလုံးကို ဗီဒီယိုရိုက်ပြီး သတင်းထုတ်လွှင့်တာဘဲ ဖြစ်ပါတယ်။

ဒီ ဗီဒီယိုသတင်းတွေကို သတင်းဌာနတွေဆီပို့လိုက်တဲ့အခါ လူထုတွေအူလှိုက်သဲလှိုက်ချစ်တဲ့ဂဒါဖီ ဆိုတဲ့ မဲပြာပုဆိုး အစိုးရသတင်းထုတ်ပြန်ချက်တွေနဲ့ ကွဲလွဲပြီး သက်ဝင်လန်းဆန်းလှတဲ့အတွက် မီဒီယာလောကမှာ အင်မတန်ပေါက်ခဲ့ ပါတယ်။ ပြည်တွင်းပြည်ပသတင်းထောက်တွေဟာ ဂဒါဖီ ပြန်ကြားရေးက ပြောတာကိုဘဲ သတင်းပို့နေရချိန်မှာ နစ်ဇ် ဆိုတဲ့နာမယ်နဲ့ ပြင်ပကမ္ဘာကို ထရီပိုလီမှာ ဂဒါဖီက ဘယ်လောက်ဖိနှိပ်တဲ့ကြားထဲက တော်လှန်ရေး ဆက်ရှင်သန်နေ ဆဲဖြစ်ကြောင်း အထောက်အထားနဲ့ ခိုင်ခိုင်လုံလုံသတင်းဖြန့်နိုင်ခဲ့ပါတယ်။

 နီဇာဟာ သတင်းတွေကို အီးမေး၊ စကိုင်ပီ အပြင် သတင်းထောက်တွေနဲ့ လျှို့ဝှက်ချိန်းတွေ့ပြီးတော့လဲ ပေးခဲ့ပါတယ်။ 

နီဇာ့မိသားစုကတော့ တခါတလေ သူ့ကိုထောက်ခံလိုက် ("နင်က ငါတို့မိသားစုကို ဂုဏ်တက်အောင်လုပ်ပေးနေတာ")၊ တခါတလေ ကြောက်လန့်တုန်လှုပ်လိုက်("နင့်ကြောင့် အကုန်ဒုက္ခရောက်ကုန်မယ်ဟဲ့") ဖြစ်ကြပါတယ်။ ဂဒါဖီအစိုးရ ဟာ သူ့လုပ်ရပ်တွေကို ဒေါကန်လွန်းအားကြီးလို့ အကြီးအကျယ်ထောက်လှမ်း လိုက်ရှာခဲ့သလို အစိုးရတီဗီလိုင်းကနေ ပြီးတော့လဲ သတ်ပစ်ရမယ့်ကြွက်တကောင်လို့ သူ့ကို ဆဲဆို ခြိမ်းခြောက်ခဲ့ပါတယ်။

နီဇာ့ကိုဖမ်းဖို့ လိုက်နေတာ နာမယ်ကြီးလာတော့ တယောက်ယောက်က ထောက်လှမ်းရေးကို သတင်းပေးလိုက်ပါ တယ်။ ဒါပေမဲ့ နီဇာတို့ကိုမမိဘဲ မိသားစုကိုဘဲ တွေ့သွားခဲ့ပါတယ်။ ဇူလိုင် ၂၄ ရက်မှာ နီဇာ့ညီဝမ်းကွဲနောက် တယောက်ကို ဖမ်းသွားပြီး ကျင်စက်နဲ့တို့စစ်တာတွေ လုပ်ခဲ့ပါတယ်။ နီဇာ့ညီမရဲ့ကလေးတွေကိုလဲ ခေါ်သွားမယ်လို့ ခြိမ်းခြောက်ပါသေးတယ်။
နီဇာကတော့ ကျူနီးရှားထွက်သွားပြီလို့ သတင်းလွှင့်ပြီး တခြားနာမယ်တခုနဲ့ ပိုလျှို့လျှို့ဝှက်ဝှက် ဆက်လှုပ်ရှားခဲ့ပါ တယ်။ ထောက်လှမ်းရေးတွေက ပလီတွေ၊ ဈေးတွေနားမှာ စောင့်ကြည့်ခဲ့တာတွေကို နီဇာ ရှောင်နိုင်ခဲ့ပါတယ်။

 ဂဒါဖီ ရဲ့ ထောက်လှမ်းရေးအဖွဲ့တွေ လုံခြုံရေးအဖွဲ့တွေဟာ အင်မတန်အစွမ်းထက်တယ်လို့ အရင်ကကြားထားပေမဲ့ လက်တွေ့မှာတော့ လစ်ဗျားနိုင်ငံရဲ့ ချွတ်ခြုံကျနေတဲ့ ကျန်းမာရေး ပညာရေးစနစ်တွေလိုဘဲ အစွမ်းအစတွေတုံးနေတာ နီဇာ တွေ့ရပါတယ်။ တနိုင်ငံလုံး ပြိုလဲနေသလို စစ်အစိုးရယန္တရားကြီးကလဲ ချိနဲ့နဲ့ဖြစ်နေတယ်လို့ နီဇာက သုံးသပ်ပါတယ်။

သူဟာ ခြောက်လလုံးလုံး အာဏာရှင်မျက်လုံးအောက်မှာ ထရီပိုလီမြို့တော်အတွင်း လျှို့ဝှက်အံတုဆန္ဒပြပွဲကို ဦးစီး ဆောင်ရွက်ခဲ့ပါတယ်။ သူ့ရဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှုကို ခရေစေ့တွင်းကျ ဓာတ်ပုံ-ဗီဒီယိုတွေနဲ့ မှတ်တမ်းတင်ပြီး ဖေ့စ်ဘွတ်က်မှာတင်၊ ခိုးယူထားတဲ့ ဂြိုလ်တုဆက်သွယ်ရေးနဲ့ ကမ္ဘာကိုဖြန့် လုပ်ခဲ့ပါတယ်။

 အစိုးရမကြိုက်တာတွေ လုပ်ပြီး ဂဒါဖီ အခံရခက်အောင် ကောင်းကောင်းလုပ်နိုင်ခဲ့ပါတယ်။ "အစိုးရက မကျေနပ်လေ ကိုယ်လုပ်တာမှန်လေ ဆိုတဲ့သဘောဘဲဗျ" လို့ နီဇာကပြောပြပါတယ်။
ထရီပိုလီ လူထုအုံကြွမှု ဖြစ်ပြီး ခြောက်လတိတိအကြာမှာ မြို့တော်လူထုဟာ နောက်တခါ အုံကြွပြီး လွတ်မြောက်သွား ခဲ့ပါတော့တယ်။

"ဂဒါဖီလက်အောက် လစ်ဗျားနိုင်ငံမှာ အရေးကြီးတာက အလံလွှင့်ထားဖို့ဘဲဗျ၊ ဟင့်အင်းလို့ ပြောဖို့လိုတယ်၊ အပြောင်း အလဲလိုချင်တယ်ဟေ့လို့ ပြောဖို့လိုတယ်" လို့ နီဇာက သတင်းထောက်တွေကို နောက်ပိုင်းမှာ ပြန်ပြောပြခဲ့ပါတယ်။ 

တိုက်ကွက်-၂

သြဂုတ်လ ညတည ထရီပိုလီမြို့ထဲကတိုက်ခန်းတခုမှာ လူတစုဟာ ညပိုင်းရုပ်သံသတင်းတွေကို ဝိုင်းကြည့်နေကြပါ တယ်။ ဒီ လစ်ဗျားအယ်လ်အာရာ ရုပ်သံလိုင်းကို ကာတာနိုင်ငံ ဒိုဟာကလွှင့်တာဖြစ်ပြီး တော်လှန်ရေးဘက်က ထောက်ခံတဲ့လိုင်း ဖြစ်ပါတယ်။ ရာမာဒန်ဥပုသ် ထွက်ပြီးတော့ လူတွေက ပလီတွေဆီသွားနေတဲ့အချိန် ည ၈ နာရီခွဲတိတိမှာ ခုနကလူတွေ စောင့်မျှော်နေတဲ့သတင်းစကား ပေါ်လာပါတယ်။ ရုပ်သံသတင်း တင်ဆက်သူက တနေ့ တာအစီအစဉ် မသိမ်းခင်မှာ "ပရိသတ်များကို ကျနော်တို့က သေချာပေါက်အောင်ပွဲ တကယ်ပေးလိုက်ပါပြီ" လို့ ပြောလိုက်ပါတယ်။

ဒါဟာ ကိုရန်ကျမ်းမြတ်လာစာပိုဒ်တခုပါ။ ဒါပေမဲ့ ဆုတ်က်အယ်လ်ဂျူမာ ရပ်ကွက်ထဲက အခန်းတခုထဲမှာ တီဗီကြည့် နေတဲ့လူတွေအတွက်ကတော့ ဒီ့ထက်ပိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြို့တွင်းကနေ ပုန်ကန်ထကြွဖို့ စကားဝှက် တခု ဖြစ်လို့ပါဘဲ။ တီဗီကနေ စကားဝှက်ပြောလိုက်ပြီးနောက် ၄၈ နာရီအတွင်းမှာ ထရီပိုလီမြို့လူထုဟာ ခြောက်လ ကြာလစ်ဗျားတော်လှန်ရေးကို အထွတ်အထိပ်ရောက်အောင် တွန်းတင်လိုက်ကြပြီး ဘယ်တော့မှ နောက်ကြောင်းပြန် မလှည့်စတမ်း သေချာအောင်လုပ်လိုက်ကြပါတယ်။ အာရပ်နိုးထမှုကို အားသစ်လောင်းလိုက်ကြပါတယ်။

တီဗီကြည့်နေတဲ့လူတွေဟာ ဒီပုန်ကန်ထကြွမှုရက်ချိန်းအတွက် ရက်သတ္တပတ်ပေါင်းများစွာ ပြင်ဆင်နေခဲ့တဲ့ မြေ အောက်တော်လှန်ရေးသမား ၆၂ ယောက်အုပ်စုထဲက ဖြစ်ပါတယ်။ ဒီထဲမှာ အသက် ၂၀ ကျော်ဆိပ်ကမ်းအလုပ်သမား မာလစ်အဘာဂို လဲပါဝင်ပါတယ်။ သူဟာ အေကေသေနတ်ကိုဆွဲပြီး သူ့ရဲဘော်တွေနဲ့အတူ လမ်းမတွေပေါ် ပြေးထွက် ခဲ့ပါတယ်။ "ကျနော့်ရင်တွေ တအားခုန်နေတယ်။ ကျနော် အာဇာနည်ဖြစ်ရင်ဖြစ်သွားနိုင်တယ်လို့ တွေးမိတယ်" လို့ ပြန်ပြောပြပါတယ်။

လမ်းမပေါ်မှာ ဂဒါဖီဆန့်ကျင်ရေးကြွေးကြော်သံတွေတိုင်နေတဲ့ လူအုပ်စုကလေးကိုတွေ့တော့ ပလီထဲကလဲ ကြွေး ကြော်သံတွေ ထွက်လာပါတယ်။ မကြာခင်လေးအတွင်းမှာ ပလီထိပ်က လော်စပီကာတွေကနေ မိုးခြုံးသံလို မြည်ဟိန်း လှတဲ့ တိုက်ပွဲခေါ်သံ ထွက်လာပါတယ်။ "အလ္လာအရှင်မြတ်သည် အကြီးမြတ်ဆုံး" ဆိုတဲ့ ကြွေးကြော်သံဖြစ်ပါတယ်။ 

အကောက်ခွန်ဝန်ထမ်း ခါလစ်ဟူမေဒါက အဲဒီကြွေးကြော်သံ ထွက်ပေါ်လာချိန်မှာ ဈေးထဲ ဟင်းသီးဟင်းရွက်ဝယ်ဖို့ တန်းစီနေချိန်ဖြစ်ပါတယ်။ ဒီအသံဟာ သူ့အတွက် ဗုံးသံ ဂျက်လေယာဉ်သံထက်ပိုပြီး ရိုက်ခတ်သွားပါတယ်။ သူ ဘာလုပ်ရမယ်ဆိုတာကို သူသိသွားပါပြီ။ စားသောက်ဆိုင်ပိုင်ရှင် ဆာလင်မ်ဘူရိုင်ကလဲ ကျောက်ခဲတွေ တအိတ်ကြီး ဆွဲပြီး ဟူမေဒါနောက် ပြေးထွက်လာပါတယ်။ အက်ဘဒူ ဆိုသူ အလုပ်လက်မဲ့တယောက်ကတော့ မိုလိုတော့ ဓာတ်ဆီ ပုလင်းဗုံးတလုံး ကိုင်ပြီး ထွက်လာပါတယ်။ 

လူအုပ်ဟာ ဆယ်ဂဏန်းကနေ ရာဂဏန်း ဖြစ်လာပါတယ်။ ဒါဟာ ဖေဖော်ဝါရီလတုန်းက ဆန္ဒပြပွဲတွေကို သွေးချောင်း စီးနှိမ်နင်းပြီးကတဲက ထရီပိုလီမြို့တော်မှာ ပထမဆုံးပေါ်လာတဲ့ အတိအလင်းဆန္ဒပြပွဲတွေ ဖြစ်ပါတယ်။ ချက်ခြင်း လိုလို လုံခြုံရေးတပ်ဖွဲ့တွေ ကားကြီးတွေနဲ့ ရောက်လာပြီး ဆန္ဒပြသူတွေကို သေနတ်တွေနဲ့ ချိန်လိုက်ပါတယ်။ ဒါပေမဲ့ ဆန္ဒပြသမားတွေက မတွေဝေ မကြောက်လန့်ဘဲ တလှမ်းချင်း ရှေ့တိုးကြပါတယ်။

မကြာခင်မှာ နှစ်ဖက်အကြား မီတာ ၁၀၀ လောက်တောင် မခြားတော့ပါဘူး။ အာဏာရှင်ရဲ့ လက်ဖြောင့်သေနတ် သမားတွေက အနားက တိုက်မြင့်ကြီးတခုပေါ်မှာ နေရာယူထားပါတယ်။ အဲဒီအချိန်မှာ ဆန္ဒပြသမားတစုက လမ်းဘေး မှာရပ်ထားတဲ့ကားတွေကို ဓာတ်ဆီလောင်းပြီး မီးရှို့လိုက်ပါတယ်။ "ကျနော်တို့က ရုတ်ရုတ်သဲသဲဖြစ်သွားအောင် လုပ်တာ၊ အစိုးရတပ်တွေ ဘာလုပ်ရမှန်းမသိ ဖြစ်သွားအောင်လုပ်တာ" လို့ ဘူရိုင်ကပြောပါတယ်။

ဖြစ်စေချင်တဲ့အတိုင်း ဖြစ်သွားပါတယ်။ လုံခြုံရေးတပ်တွေက သေနတ်တွေနဲ့ စပစ်ကြပါတယ်။ ကျည်ဆံတွေ တရွှီရွှီ ဖြတ်သွားတဲ့ကြားက ဆန္ဒပြသမားတွေဟာ ကွန်ကရစ်တုံးတွေ အမှိုက်ပုံးတွေနောက် အကာကွယ်ယူကြပါတယ်။ 

စစချင်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဆန္ဒပြသမားတွေထက် သုံးဆလောက် ပိုအင်အားများပါတယ်။ ဒါပေမဲ့ ဆန္ဒပြပွဲ တွေက တရပ်ကွက်ပြီးတရပ်ကွက် တလမ်းပြီးတလမ်းပျံ့လာတာကြောင့် မကြာခင်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ နောက်ဖက်လမ်းတွေမှာ ဆန္ဒပြသမားတွေ ရောက်လာပါတယ်။ သေနတ်စပစ်ပြီး သိတ်မကြာခင်မှာ အစိုးရတပ်တွေ ဟာ အဝိုင်းခံအခြေအနေ ရောက်သွားပါတယ်။ သေနတ်ရှိတဲ့ ဆန္ဒပြသမားနည်းနည်းပါးပါးက စပြီး ပြန်ပစ်ကြပါတယ်။ တချို့ကတော့ ကျောက်ခဲတွေနဲ့ ပေါက်ကြပါတယ်။ "ကျနော်က သေနတ်မကိုင်ရဲဘူးဗျ။ ဒါကြောင့် မိုလိုတော့ပုလင်းဗုံး နဲ့ဘဲပစ်တယ်လေ" လို့ဘူရိုင်ကပြောပါတယ်။

အဲဒီပွဲမှာ ပုလိပ် ၁၃ ယောက်သေပြီး ပုလိပ် ၃၀ ကို အရှင်ဖမ်းမိခဲ့ပါတယ်။ ကျန်တဲ့လုံခြုံရေးတပ်ဖွဲ့တွေ ထွက်ပြေးသွားပါတယ်။ အဲဒီအချိန် အဲဒီနေရာဟာ အာဏာရှင်လက်အောက် ၄၂ နှစ်တာနေခဲ့ရတဲ့ စိတ်ပျက်အားလျော့မှုတွေ စမှေး မှိန်ပျောက်ကွယ်တဲ့ အချိန်နဲ့နေရာ ဖြစ်ပါတော့တယ်။

 "ကျနော်တို့ဟာ မျိုးဆက်တဆက်လုံး အကြောက်တရား အောက် ရောက်ခဲ့ရတယ်။ အခုတော့ အသစ်ပြန်မွေးလာသလိုဘဲဗျာ" လို့ ဘူရိုင်က ပြောပါတယ်။ အမျိုးသမီးတွေ ကလေးသူငယ်တွေကလဲ လမ်းမတွေပေါ် မရွံ့မရဲထွက်လာကြပြီး သူတို့ဘဝတသက်မှာ ပထမဆုံးအကြိမ်အဖြစ် အစိုးရအာဏာစက်နဲ့ ကင်းကင်းလွတ်လွတ်ခံစားကြရပါတယ်။ တယောက်နဲ့တယောက် မသိကြတဲ့လူစိမ်းတွေ ဝမ်းသာအားရနဲ့ အချင်းချင်းဖက်ယမ်းကြ၊ ဘုရားကိုပူဇော်ကြ၊ သူပုန်တွေကလဲ သေနတ်တွေ မိုးထောင်ပစ်ကြပါ တယ်။

သူ့အလိုအလျောက်ပုန်ကန်ထကြွသလို ထင်ရပေမဲ့ တကယ်တော့ ဒါဟာ လပေါင်းများစွာ စနစ်တကျပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။ တိုက်ခန်းကျဉ်းလေးတွေထဲမှာ၊ ကားနောက်ခန်းတွေထဲမှာ တိုင်ပင်ဆွေးနွေးညှိနှိုင်းခဲ့ကြတာ ဖြစ်ပါတယ်။ ပထမဆုံးစခဲ့တာက ဇန်နဝါရီလမှာ ကျူနီးရှားတော်လှန်ရေးကြောင့် စိတ်အားတက်ကြွနေတဲ့ နိုင်ငံရေးလှုပ်ရှားသူ ၁၅ ယောက် လျှို့ဝှက်တွေ့ဆုံကြပြီး လွတ်လပ်ခွင့်တွေတောင်းဆိုတဲ့ ကြေညာစာတမ်းတစောင်ထုတ်ဖို့ အစီအစဉ်ဆွဲခဲ့ကြ ပါတယ်။ ဒီ ၁၅ ယောက်ထဲမှာ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ ပါဝင်ပြီး ပညာတတ်လူ တန်းစားတွေရဲ့ မကျေနပ်ချက်တွေ ပွင့်အံလာတာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ ကြေညာချက် မထုတ်နိုင်ခင် ဖေဖော်ဝါ ရီ ၁၅ ရက်မှာ ဘင်ဂါဇီမှာ ဆန္ဒပြပွဲတွေ ပေါက်ကွဲထွက်လာပါတယ်။

 ထင်ရှားတဲ့ လူ့အခွင့်အရေးရှေ့နေတယောက် အဖမ်းခံရတာက စခဲ့တာ ဖြစ်ပါတယ်။ ရက်ပိုင်းအတွင်း ထရီပိုလီကို ဆန္ဒပြပွဲတွေကူးစက်လာပါတယ်။ "ကျနော်တို့က တော်လှန်ရေးသမားတွေလို့ ကိုယ့်ကိုယ်ကိုခံယူထားတာဗျ။ အခုတော့ လက်တွေ့မှာ လူထုနောက်မှာ ကျန်နေခဲ့တယ်" လို့ ကနဦး ၁၅ ယောက်အုပ်စု ခေါင်းဆောင်တယောက်ဖြစ်တဲ့ အမေရိကန်ပြန်ဆရာဝန် မူဟာမက်ဒ်အိုမီယစ်ရှ်က ပြောပါတယ်။ 

ထရီပိုလီမှာ ဖေဖော်ဝါရီအုံကြွမှု နှိမ်နင်းခံရတဲ့အခါ အိုမီယစ်ရှ်တို့အဖွဲ့ မြေအောက်သျှိုးခဲ့ကြပါတယ်။ နောက်ပိုင်းမှာ သူတို့အုပ်စုဟာ ထရီပိုလီ ဒေသန္တရကောင်စီလို့ လူသိများလာပြီး ထရီပိုလီအခြေစိုက် တော်လှန်ရေးအဖွဲ့ ၉ ဖွဲ့ကို ဦး ဆောင်ခဲ့ပါတယ်။ သူတို့ဟာ ဘင်ဂါဇီကသူပုန်တွေနဲ့ သီးခြားကင်းလွတ်စွာလှုပ်ရှားပြီး လက်နက်ကိုင်တပ်ဖွဲ့တခု နဲ့ လျှို့ ဝှက်ကလပ်စည်းတွေကို မြို့တော်အနှံ့ ထူထောင်ခဲ့ပါတယ်။ ဂြိုလ်တုဖုံးတွေ ခိုးသွင်းပြီး အချင်းချင်းဆက်သွယ်တဲ့အခါ စကားဝှက်တွေသုံးကြပါတယ်။ ဥပမာ- ဆေးဝါးတွေ ဝယ်လာပြီလို့ ပြောရင် အေကေ-၄၇ ကို ဆိုလိုတာမျိုး။
ဒေသန္တရကောင်စီရဲ့ စစ်ကော်မတီက လှုပ်ရှားတက်ကြွသူတွေကို ထရီပိုလီမြို့တော် နောက်ဖေးလမ်းကြား လမ်းမြှောင်လေးတွေမှာ လျှို့ဝှက်ပြီး စစ်သင်တန်း စပေးခဲ့ပါတယ်။ လူ ၂၀ လောက်က ကျူနီးရှားကို တိတ်တဆိတ်သွားပြီး သူပုန်စစ်ဆင်ရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒီနောက်မှာ လစ်ဗျားအနောက်ပိုင်းတောင်တန်းတွေ ပေါ်မှာ နေတိုးစစ်သားတွေ နေတိုးထောက်လှမ်းရေးတွေဆီ စစ်သင်တန်းတက်ခဲ့ကြပါတယ်။

ဒီအချိန်မှာ တော်လှန်ရေးသမားတွေဟာ လက်နက်ရဖို့ ကြိုးစားကြပါတယ်။ အဓိက လက်နက်ရတာက ဂဒါဖီ ဆီက ရတာ ဖြစ်ပါတယ်။ ရူးကြောင်ကြောင်အာဏာရှင်ကြီးဟာ သူ့ကို ပြည်သူလူထုတွေက အင်မတန်ကြည်ညို ထောက်ခံ တယ်လို့ ထင်နေပြီး ထရီပိုလီမြို့သားတွေ သူ့ဖက်က ကာကွယ်တိုက်ပေးမယ်လို့ ယုံကြည်နေပါတယ်။ ဒါကြောင့် သူယုံကြည်ရတဲ့ မြို့သူမြို့သားတွေကို လက်နက်တွေ ထုတ်ပေးခဲ့ပါတယ်။ လက်နက်ရတဲ့လူတွေအများစုက သူပုန် တွေဆီ ပြန်ရောင်းစားခဲ့ပါတယ်။ တချို့ကလဲ သူပုန်တွေဘက်က တိုက်ခဲ့ပါတယ်။ တချို့လက်နက်တွေကို ရေလမ်း ကနေ မြို့တော်ထဲခိုးသွင်းခဲ့သလို တချို့ကိုတော့ အစိုးရလက်နက်တိုက်တွေက ခိုးယူခဲ့ကြပါတယ်။

သူပုန်တွေဟာ ပုန်ကန်ထကြွဖို့နေ့အဖြစ် သြဂုတ် ၂၀ ရက်ကို သတ်မှတ်လိုက်ပါတယ်။ ဒါပေမဲ့ အဲဒီရက်မရောက်ခင်မှာ လျှို့ဝှက်သူပုန်တပ်ခေါင်းဆောင် ဗိုလ်ကြီးဟောင်း မူစတာဖာနိုအာ ပျောက်သွားပါတယ်။ သူဟာ ပုန်ကန်ထကြွမှုကို စီစဉ်ပြင်ဆင်ရာမှာ အဓိကကျသူဖြစ်ပါတယ်။ ဘယ်လိုမှ ဆက်သွယ် စုံစမ်းမရလို့ အားလုံးလန့်ဖျန့်ပြီး ဖုံးတွေ ပိတ်ထား လိုက်ကြပါတယ်။ မကြာခင်သိရတာက သူနဲ့သူ့လူတချို့ကို လုံခြုံရေးတပ်ဖွဲ့တွေက မိသွားတဲ့အကြောင်း သိရပေမဲ့ အဖမ်းခံရသူတယောက်က ဖုံးတလုံးခိုးသွင်းပြီး လွတ်နေတဲ့လူတွေကို သတိပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် ခေါင်းဆောင် တချို့က ကျူနီးရှားကိုထွက်ပြေးပြီး အများစုကတော့ ပိုပြီး မြေအောက်နက်နက်သျှိုးခဲ့ကြပါတယ်။ 

မြေအောက်သျှိုးတာ အကြာကြီးသျှိုးလို့ မရနိုင်ဘူးဆိုတာ သဘောပေါက်တဲ့အတွက် နဂိုအစီအစဉ်အတိုင်းဆက်လုပ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဂဒါဖီ့လူတွေက လိုက်ထောက်လှမ်းနေပါပြီ။ ဂဒါဖီဟာ လူတွေ ထောင်နဲ့ချီပြီး နိုင်ငံတော်သစ္စာ ဖောက်မှုနဲ့ တရားရုံးတင် ကွပ်မျက်ဖို့ လူစာရင်းပြုစုနေတာ အတွင်းသတင်းရခဲ့ပါတယ်။ ဒါကြောင့် ပုန်းအောင်းနေတဲ့ ခေါင်းဆောင်တွေ၊ နယ်စပ်ဟိုဘက်ရောက်နေတဲ့ခေါင်းဆောင်တွေက ရပ်ကွက်တွေထဲက ကလပ်စည်းတွေဆီ ဆက် သားတွေလွှတ်ပြီး ပုံကန်ထကြွမယ့်ရက်အတွက် စကားဝှက်နဲ့ ညွှန်ကြားချက်တွေ ဖြန့်ဝေခဲ့ပါတယ်။ 

"ကျနော်တို့အနေနဲ့ ပုန်ကန်မှုကို ၂၄ နာရီလောက်တော့ ထိန်းထားနိုင်မယ်လို့ ယုံကြည်တယ်" လို့ အိုမီယစ်ရှ်က ပြောပါ တယ်။ ဒီလောက်ကြာကြာထိန်းထားနိုင်ရင် မစ္စရာထာ၊ အနောက်ဖက်တောင်တန်းနဲ့ တခြားနေရာတွေက သူပုန်တပ် တွေ ဝင်လာနိုင်ဖို့ အချိန်လုံလောက်ပါတယ်။ "စစ်အစိုးရက တမြို့လုံးနဲ့ မတိုက်နိုင်ဘူးလေ။ ဒီအပေါ်မှာ ကျနော်တို့ စွန့်လုပ်တာ" လို့ အိုမီယစ်ရှ်က ဆက်ပြောပါတယ်။

ရှေ့ပိုင်းမှာပြောခဲ့တဲ့ ပုလိပ်တွေအပေါ်နိုင်တဲ့တိုက်ပွဲပြီးနောက်မှာ မိန်းမတယောက်ဟာ သူမတိုက်ခေါင်မိုးပေါ်တက်ပြီး အောက်ကလူအုပ်ထဲကို အေကေနဲ့ပစ်ခဲ့ပါတယ်။ ဆန္ဒပြသမားတွေဟာ အဲဒီတိုက်ကို ပစ်ခတ်စီးနင်းပြီး အဲဒီမိန်းမကို အရှင်ဖမ်းမိခဲ့ပါတယ်။ အဲဒီမိန်းမက ဂဒါဖီကို သေတဲ့အထိ ထောက်ခံမယ်လို့ ပြောပါတယ်။ "သူ့လိုလူမျိုးတွေ လမ်း တိုင်းမှာရှိတယ်ဗျ" လို့ ထမင်းဆိုင်ရှင် ဘူရိုင်ကပြောပါတယ်။ တချို့သူပုန်တွေက အဲဒီလူတွေကို တော်လှန်ရေးတရား စီရင်မှုနဲ့ ရှင်းပစ်ချင်ကြပေမဲ့ ခေါင်းအေးအေးထားတဲ့ လူကြီးပိုင်းတွေက ဖြောင်းဖြပြီး ရပ်ကွက်ထဲက မောင်းထုတ်ရုံဘဲ လုပ်ခဲ့ပါတယ်။

နေတိုးတပ်ဖွဲ့တွေက ထရီပိုလီကသူပုန် ၂၀ လောက်ကို မြို့ထဲကပစ်မှတ် မြေပုံညွှန်းတွေ ပေးတတ်အောင် သင်ပေး ခဲ့တဲ့အတွက် နေတိုးလေယာဉ်တွေဟာ အဓိကကျတဲ့အစိုးရအဆောက်အအုံတွေကို ထိထိရောက်ရောက်ဗုံးကြဲ တိုက်ခိုက်နိုင်ခဲ့ပါတယ်။ တချိန်တည်းမှာ မြေအောက်ကလပ်စည်းတွေရဲ့ ဟန်ချက်ညီလှုပ်ရှားမှုအရ ပုန်ကန်ထကြွမှု တွေဟာ တမြို့လုံးမှာ ပေါ်ပေါက်လာပါတယ်။ ဂဒါဖီ့တပ်တွေကလဲ ရက်ရက်စက်စက်တုန့်ပြန်တဲ့အတွက် ဆန္ဒပြသမား အတော်များများသေခဲ့ကြပါတယ်။ ဒါပေမဲ့ အုံကြွမှုက အင်မတန်ပြန့်နှံ့လှတဲ့အတွက် လုံခြုံရေးတပ်ဖွဲ့တွေက အကုန်လုံး ကို မရှင်းလင်းပစ်နိုင် ဖြစ်ခဲ့ပါတယ်။ ပုန်ကန်သူတွေနဲ့ အာဏာရှင်ဘက်သားတွေ ၂၄ နာရီနီးပါး တိုက်ခိုက်ကြပြီး နောက် သြဂုတ် ၂၁ ရက်ညနေပိုင်းမှာ ပြင်ပသူပုန်တပ်ကူတွေ ဇာဝီယာမြို့ကနေရောက်လာသလို မစ္စရာထာမြို့ကနေ လဲ လှေတွေနဲ့ ရောက်လာပါတယ်။ ဝင်လာတဲ့သူပုန်တွေကို ထရီပိုလီမြို့အဝင် လုံခြုံရေးတာဝန်ကျ အရာရှိကြီးတဦးက နားလည်မှုယူပြီး အခုအခံမရှိဖွင့်ပေးခဲ့ပါတယ်။

နောက်တနေ့လုံး ဒီသူပုန်စစ်ကူတွေဟာ ဂဒါဖီ့ခြေကုတ်တွေကို တခုပြီးတခု တိုက်ခိုက်သိမ်းယူကြတဲ့အတွက် စစ်အစိုး ရ ယန္တရားကြီး ပြိုကျလာပါတော့တယ်။ ဒုံးကျည်တွေ ပေါက်ကွဲတဲ့အသံ တဖြည်းဖြည်းနီးလာတဲ့အခါ လေတပ် ဗိုလ် မူဟာမက်ဖာရာဂျလာဟာ နာမယ်ဆိုးလှတဲ့ အဘူစလင်မ်ထောင်ဆီ လျှောက်သွားပြီး ဝါဒါတွေကို လွတ်ရာကျွတ် ရာရှောင်သွားဖို့ စိတ်ရှည်ရှည်နဲ့ နားချခဲ့ပါတယ်။ လစ်ဗျားဆန္ဒပြပွဲတွေအစပိုင်းတုံးက ဆန္ဒပြသမားတွေကို လေယာဉ်နဲ့ ဗုံးကြဲဖို့ ငြင်းဆန်ခဲ့တဲ့ ဖာရာဂျလာက အကျဉ်းထောင်တံခါးသော့တွေကို တခုပြီးတခု အေကေနဲ့ပစ်ဖွင့်ပေးပြီး နိုင်ငံရေး အကျဉ်းသားတွေအများအပြားပါဝင်တဲ့ အကျဉ်းသား ၁၅၀၀ ကို ထောင်ဖွင့်ပေးခဲ့ပါတယ်။ အလားတူဘဲ တမြို့လုံးမှာရှိ တဲ့ ထောင်တွေ အချုပ်တွေကိုဖွင့်ပြီး အကျဉ်းသားတွေကို လွှတ်ပေးခဲ့ကြပါတယ်။

 လွတ်လာတဲ့အထဲမှာ ထရီပိုလီ သူပုန်တပ်မှူး နိုအာလဲ ပါပါတယ်။ သူကတော့ အကြီးအကျယ်ညှဉ်းပန်းနှိပ်စက်ခံထားရပါတယ်။ အကျဉ်းသားတွေ အားလုံး လွတ်လာတာတော့ မဟုတ်ပါဘူး။ တချို့ကို ဂဒါဖီတပ်တွေက အစုအပြုံလိုက်သတ်သွားခဲ့ပါတယ်။ 

တော်လှန်ရေးသမားတွေက နိုင်ငံတော်ပြယုဂ်ဖြစ်တဲ့ မြို့တော်ကိုသိမ်းလိုက်နိုင်လို့ တော်လှန်ရေးသရဖူ ဆောင်းသွား ပေမဲ့ အာဏာရှင်ဂဒါဖီကတော့ ဖနောင့်နဲ့တင်ပါး တသားတည်းကျအောင် ထွက်ပြေးသွားခဲ့လို့ လိုက်လံရှင်းလင်းမှုတွေ ဆက်လုပ်ခဲ့ရပါတယ်။ ဒီလိုနဲ့ နှစ်ပေါင်း ၄၂ နှစ်လုံးလုံး အကြွင်းမဲ့အာဏာရှင်စနစ်နဲ့ လူသတ်နှိပ်စက်၊ စည်းစိမ်ခံ၊ လိင် ကိစ္စသောင်းကျန်းခဲ့တဲ့ ဂဒါဖီ ဟာ ၂၀၁၁ ခု အောက်တိုဘာ ၂၀ ရက်မှာတော့ တော်လှန်တဲ့ပြည်သူတွေရဲ့ တရား စီရင်မှုကိုခံရပြီး မရှုမလှအသက်ထွက်သွားပါတော့တယ်။

ဂါမဏိ
ရည်ညွှန်း။ ။ Foreign Policy, Washington Post
(၂၀၁၁ နိုဝင်ဘာထုတ် ဒေါင်းအိုးဝေ စာစောင်တွင် ဖော်ပြခဲ့ပြီး)

Photo - ALJAZEERA

Comments

Popular posts from this blog

စစ်ကောင်စီတွင် တာဝန်အရှိဆုံး စစ်ဗိုလ်ချုပ်ကြီးများ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၁၉၅၅ ခုနှစ်တွင် မွေးဖွားခဲ့သူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှာ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၏ မြှောက်စားမှုကြောင့် အသက်ငယ်ငယ်ရွယ်ဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာခဲ့သူဖြစ်သည်။ စစ်ခေါင်းဆောင်များ စိတ်ကြိုက်ရေးဆွဲခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံအရ အရပ်သားအမည်ခံ အစိုးရအဖွဲ့ကို စစ်အစိုးရက အာဏာလွှဲပြောင်းခြင်းမပြုမီ တပ်ချုပ်ဖြစ်လာခဲ့သည်။အစိုးရဝန်ထမ်းတစ်ဦး၏ သားဖြစ်သူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှာ စစ်တက္ကသိုလ်အပတ်စဉ် ၁၉ တက်ရောက်ခဲ့သူဖြစ်ကာ အရာရှိငယ်ဘဝက ရှမ်း − ၁ ဟုခေါ်သော မှော်ဘီအခြေစိုက် အမှတ် ၃၁၃ ခြေမြန်တပ်ရင်း၌ စတင်တာဝန်ထမ်းဆောင်ခဲ့သည်။ အဆိုပါတပ်ရင်းမှာ ဝန်ကြီးချုပ်ဟောင်းနှင့် ထောက်လှမ်းရေးအကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့်၊ သမ္မတဟောင်း ဦးသိန်းစိန်တို့ တာဝန်ထမ်းဆောင်ခဲ့ဖူးသော တပ်လည်းဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီးသည် ကချင်ပြည်နယ် တနိုင်းအခြေစိုက် ခလရ − ၈၆၊ စစ်ကိုင်းတိုင်း ဝန်းသိုအခြေစိုက် ခမရ − ၁၁၁ တို့တွင်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး၊ ၂၀၀၄ ခုနှစ် နိုဝင်ဘာလမှ ၂၀၀၅ ခုနှစ် ဧပြီလအထိ ရခိုင်ပြည်နယ် အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ၂၀၀၆ ခုနှစ်တွင် ရှမ်းပြည်နယ်အရှေ့ပိုင်း တြိဂံစစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ပြီးနောက် ၂၀၀၇ ခုနှစ်အတွင်း အမှတ် (၂) စစ်ဆင်ရေးအထူးအဖွဲ့မှူးဖြစ်ခဲ့သည်။ ၂၀၁၀ ပြည့်နှစ် ဩဂုတ်လတွင် တပ်မတော်တွင် နံပါတ်သုံးအဆင့်ရှိ တပ်မတော်ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဖြစ်လာခဲ့ပြီး ၂၀၁၁ ခုနှစ် မတ်လတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်ကာ ဗိုလ်ချုပ်မှူးကြီးဖြစ်ခဲ့သည်။ သူ၏ ဇနီးမှာ တက္ကသိုလ်ဆရာမဟောင်း ဒေါ်ကြူကြူလှဖြစ်ပြီး ၎င်းတို့တွင် သားတစ်ဦးနှင့် သမီးတစ်ဦးရှိသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှာ စစ်အာဏာသိမ်းမှုမတိုင်မီကပင် ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် အနောက်နိုင်ငံများက ဒဏ်ခတ်အရေးယူခြင်း ခံခဲ့ရသူဖြစ်သည်။အာဏာသိမ်းစစ်ခေါင်းဆောင်ကို ဥရောပသမဂ္ဂအပါအဝင် အနောက်နိုင်ငံကြီးများက ထပ်မံဒဏ်ခတ်အရေးယူထားသည်။ ထို့ပြင် ၎င်း၏သားဖြစ်သူ အောင်ပြည့်စုံနှင့် သမီးဖြစ်သူ ခင်သီရိသက်မွန်တို့ကို အမေရိကန်နိုင်ငံက ပစ်မှတ်ထားအရေးယူခဲ့ပြီး ၎င်းတို့ပိုင် ကုမ္ပဏီခြောက်ခုကိုလည်း စီးပွားရေးအရ ဒဏ်ခတ်အရေးယူခဲ့သည်။ ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်း စစ်အာဏာသိမ်းမှုတွင် ဒုတိယတာဝန်ရှိဆုံးပုဂ္ဂိုလ်ဖြစ်ကာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်သည့်အပြင် စစ်ကောင်စီတွင်လည်း ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည်။ ၁၉၆၀ ပြည့်နှစ်တွင် မွေးဖွားခဲ့သူဖြစ်သည်။ စစ်တက္ကသိုလ်အပတ်စဉ် ၂၂ တက်ရောက်ခဲ့သူဖြစ်ကာ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်၊ ရေတပ်ဗိုလ်ချုပ်ကြီးဟောင်း သူရသက်ဆွေ၊ ပြည်ထဲရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ကာကွယ်ရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီးလှမင်း၊ လက်ရှိ စစ်ကောင်စီ၏ ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့နှင့် တစ်ပတ်စဉ်တည်း အတူတက်ရောက်ခဲ့သူဖြစ်သည်။ ၁၉၈၁ ခုနှစ်တွင် ဒုဗိုလ်အဖြစ် စစ်တပ်တွင် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။ အရာရှိငယ်ဘဝတွင် အမြောက်တပ်ရင်း၊ ခြေလျင်နှင့် ခြေမြန်တပ်ရင်းများနှင့် စစ်ဌာနချုပ်များတွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ရခိုင်ပြည်နယ်မြောက်ပိုင်း မင်းပြားမြို့နယ်ရှိ ခမရ ၃၇၉ တွင် တပ်ရင်းမှူးဖြစ်ခဲ့သည်။ ၂၀၀၁ ခုနှစ်တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) တွင် စစ်ဦးစီးမှူးပထမတန်း (G1) အဖြစ် စတင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်၌ စစ်ဗျူဟာမှူးဖြစ်ခဲ့ ပြီး ၂၀၀၅ ခုနှစ်၌ ကလေးဝအခြေစိုက် အမှတ် ၁၀ စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်တွင် စစ်ဆင်ရေးကွပ်ကဲရေးမှူးဖြစ်ခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် ဗထူးတပ်မြို့ရှိ တပ်မတော် (ကြည်း) တိုက်ခိုက်ရေးသင်တန်းကျောင်း ကျောင်းအုပ်ကြီးဖြစ်လာခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် ကချင်ပြည်နယ် မြစ်ကြီးနားအခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးဖြစ်ခဲ့သည်။ ၂၀၁၀ တွင် အမှတ် (၆) စစ်ဆင်ရေးအထူးအဖွဲ့မှူးအဖြစ် ရာထူးတိုးမြှင့်ခံရပြီး ၂၀၁၁ ခုနှစ် မတ်လတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယဗိုလ်ချုပ်မှူးကြီးဖြစ်လာခဲ့သည်။ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှာ တပ်တွင်း၌ တိုက်ခိုက်ရေးနှင့် အုပ်ချုပ်ရေးနှစ်ခုလုံးတွင် ထူးချွန်သူ စစ်သားကောင်းဖြစ်သည်ဟု နာမည်ရပြီး စိတ်သဘောထား တင်းမာပြတ်သားသူအဖြစ်လည်း နာမည်ကြီးသူဖြစ်သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဖြစ်ပွားသော တိုက်ပွဲများတွင် တပ်ရင်းတပ်ဖွဲ့များကို တိုက်ရိုက်ညွှန်ကြားအမိန့်ပေးသူလည်းဖြစ်သည်။ သူ၏ဇနီးမှာ အကနည်းပြ ဒေါ်သန်းသန်းနွယ်ဖြစ်သည်။ ဇနီးသည်၏ ယခင်အိမ်ထောင်နှင့် သားသမီးများသာရှိပြီး ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် သားသမီးထွန်းကားခြင်း မရှိပေ။ ဗိုလ်ချုပ်ကြီးမြထွန်းဦး စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးမြထွန်းဦးမှာ အာဏာမသိမ်းမီက တပ်မတော်တွင် နံပါတ်သုံးအဆင့်ရှိ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဖြစ်သည်။ စစ်အာဏာသိမ်းမှုအပြီးတွင် နံပါတ်သုံးအဆင့် တပ်ရာထူးမှ လျှောကျကာ ကာကွယ်ရေးဝန်ကြီးအဖြစ်သာ ခန့်အပ်ခံခဲ့ရသူဖြစ်သည်။ ၁၉၆၁ ခုနှစ်တွင် မွေးဖွားသူ ဗိုလ်ချုပ်ကြီးမြထွန်းဦးမှာ စစ်တက္ကသိုလ်အပတ်စဉ် ၂၅ တက်ရောက်ခဲ့သူဖြစ်သည်။ ၎င်းနှင့် တစ်ပတ်စဉ်တည်းတက်ရောက်ခဲ့သူများမှာ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်နှင့် အာဏာသိမ်းပြီးနောက် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဖြစ်လာသူ ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ စစ်ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးတို့ဖြစ်သည်။ တပ်မတော်ထောက်လှမ်းရေးတပ်ဖွဲ့ကို ဖျက်သိမ်းပြီးနောက် ပြန်လည်ဖွဲ့စည်းခဲ့သည့် စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ရုံးတွင် စစ်ဦးစီးပထမတန်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဗိုလ်ချုပ်ကြီးမြထွန်းဦးမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အလွန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာနိုင်သူအဖြစ် တစ်ပေးခံခဲ့ရသူလည်းဖြစ်သည်။ တပ်မတော်ထိပ်တန်းရာထူး ရုပ်သိမ်းခံခဲ့ရပြီးဖြစ်သဖြင့် အဆိုပါ တွက်ဆချက်မှာ လက်ရှိအချိန်တွင် မှန်ကန်နိုင်ခြင်း မရှိတော့ပေ။ ဗိုလ်ချုပ်ကြီးမြထွန်းဦးမှာ အမှတ်(၁၀၁) ခြေမြန်တပ်မဌာနချုပ် တပ်မမှူး၊ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး စသည့် အရေးပါသော နေရာဌာနများတွင် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် တပ်မတော်တွင် လွန်စွာအရေးပါသော စစ်ဦးစီးအရာရှိချုပ် (ကြည်း)၊ စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်၊ စစ်ဆင်ရေးအထူးအဖွဲ့မှူး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) အထိ ရာထူးအဆင့်ဆင့် တိုးမြှင့်ခံခဲ့ရသူဖြစ်သည်။ စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ဟောင်းဖြစ်သူ ဗိုလ်ချုပ်ကြီးမြထွန်းဦးမှာ အာဏာသိမ်းပြီးနောက် အနောက်နိုင်ငံအစိုးရများနှင့် ဆက်ဆံရေးတည်ဆောက်ရေး စစ်ကောင်စီက အစ္စရေးထောက်လှမ်းရေးဟောင်း လော်ဘီကို ငှားရမ်းရာတွင် အဓိကကိုင်တွယ်ခဲ့သူဖြစ်သည်ဟု သိရသည်။ဗိုလ်ချုပ်ကြီးမြထွန်းဦး၏ ဇနီးမှာ ဒေါ်သက်သက်အောင်ဖြစ်ပြီး ၎င်းတို့တွင် သားသမီးရှိမရှိ သေချာစွာ မသိရပေ။ ဗိုလ်ချုပ်ကြီးတင်အောင်စန်း စစ်ကောင်စီအဖွဲ့ဝင်တစ်ဦးဖြစ်သူ ရေတပ်ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ၁၉၆၀ ပြည့်နှစ်တွင် မွေးဖွားသူဖြစ်ကာ စစ်တက္ကသိုလ်အပတ်စဉ် ၂၃ တက်ရောက်ခဲ့သူဖြစ်သည်။ ဗိုလ်ချုပ်ကြီးသူရသက်ဆွေ အငြိမ်းစားယူသွားပြီးနောက် ၂၀၁၅ ခုနှစ် ဩဂုတ်လတွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဖြစ်သူ ဗိုလ်ချုပ်ကြီးတင်အောင်စန်းမှာ အမေရိကန်နိုင်ငံတွင် စစ်သင်တန်း တက်ရောက်အောင်မြင်ခဲ့သူ ရှားရှားပါးပါး ဗိုလ်ချုပ်တစ်ဦးဖြစ်သည်ဟု သိရသည်။ ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် သိုသိုသိပ်သိပ်နေတတ်သူဟုလည်း တပ်အသိုင်းအဝိုင်းက ဆိုသည်။ ဗိုလ်ချုပ်ကြီးတင်အောင်စန်းမှာ စစ်အာဏာသိမ်းပြီးနောက် တပ်ရာထူးမှ လျှောကျကာ စစ်ကောင်စီ၏ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဖြစ်လာခဲ့သည်။ ၎င်း၏နေရာတွင် ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးအောင်သောင်း၏သားတစ်ဦးဖြစ်သူ မိုးအောင်ကို ဗိုလ်ချုပ်ကြီးရာထူးဖြင့် ကာကွယ်ရေးဦးစီးချုပ် (ရေ) အဖြစ် ခန့်အပ်ခဲ့သည်။စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးတင်အောင်စန်း၏ ဇနီးမှာ ဒေါ်သန်းသန်းအေးဖြစ်ပြီး ၎င်းတို့တွင် သမီးတစ်ဦးရှိသည်။ ဗိုလ်ချုပ်ကြီးမောင်မောင်ကျော် စစ်ကောင်စီအဖွဲ့ဝင် လေတပ်ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်မှာ ရာထူးအတက်မြန်ခဲ့သူတစ်ဦးဖြစ်ကာ တပ်တွင်း၌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ အနီးကပ်လူယုံတစ်ဦးဖြစ်သည်ဟုလည်း နာမည်ကြီးသည်။ ၁၉၆၄ ခုနှစ်တွင် မွေးဖွားသူ ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်မှာ စစ်တက္ကသိုလ်အပတ်စဉ် ၂၆ တက်ရောက်ခဲ့သူဖြစ်သည်။ ၂၀၁၅ ခုနှစ်အတွင်းက ဖြစ်ပွားသော လောက်ကိုင်စစ်ပွဲအတွင်း လေကြောင်းမှတိုက်ခိုက်စဉ် တရုတ်နိုင်ငံအတွင်း ကျည်ဆန်ကျရောက်မှုဖြင့် ထိုစဉ်က လေတပ်စစ်ဦးစီးအရာရှိချုပ်ဖြစ်သူ ဗိုလ်ချုပ်စန်းလွင် အရေးယူခံရပြီးနောက် လေတပ်စခန်းမှူးဖြစ်သူ ဗိုလ်မှူးချုပ်မောင်မောင်ကျော်ကို အစားထိုး ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ ဗိုလ်ချုပ်ကြီးခင်အောင်မြင့် အနားယူသွားချိန်တွင် မောင်မောင်ကျော်မှာ ကာကွယ်ရေးဦးစီးချုပ် (လေ) ဖြစ်လာပြီး ဗိုလ်ချုပ်ကြီးဖြစ်လာခဲ့သည်။ လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်မှာ ဦးနေဝင်းခေတ်က ကာကွယ်ရေးဦးစီးချုပ်ဖြစ်ခဲ့သူ ဗိုလ်ချုပ်ကြီးသူရကျော်ထင်၏ သားဖြစ်ပြီး ၎င်း၏အစ်ကိုဖြစ်သူ ဦးသန့်ကျော်မှာ ဦးသိန်းစိန်လက်ထက်က ဒုတိယနိုင်ငံခြားရေးဝန်ကြီးဖြစ်ခဲ့သည်။ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်၏ မရီးတော်စပ်သူ ဦးသန့်ကျော်၏ဇနီး ဒေါ်အိအိခင်ဧမှာ လက်ရှိ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဖြစ်ပြီး ဧပြီ ၂၄ ရက်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဂျာကာတာ အာဆီယံထိပ်သီး အစည်းအဝေးတက်ရောက်ရန် အစီအစဉ်အားလုံးကို ဦးစီးဆောင်ရွက်ခဲ့သူလည်းဖြစ်သည်။ ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်၏ ဇနီးဖြစ်သူမှာ ဒေါ်အောင်မာမြင့်ဖြစ်ပြီး ၎င်းတို့တွင် သားနှစ်ဦးရှိသည်။ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းစစ်ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း စစ်တပ်တွင် အသက်အငယ်ဆုံး ထိပ်တန်းဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ အနီးကပ်လူယုံတော်၊ အနာဂတ်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာမည့်သူအဖြစ်လည်း အများဆုံး ထင်ကြေးပေးခံရသူဖြစ်သည်။လက်ရှိတွင် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းသည် စစ်ဦးစီးအရာရှိချုပ် (ကြည်း) ဖြစ်သည်။ အဆိုပါရာထူးသည် ဒုတိယဗိုလ်ချုပ်ကြီးများအဆင့် စစ်ဆင်ရေးအထူးအဖွဲ့မှူးများရှိနေသော်လည်း တပ်မတော်၌ နံပါတ် ၄ အဆင့် အရေးပါဆုံးသော ရာထူးဟုဆိုနိုင်သည်။၁၉၆၈ ခုနှစ်တွင် မွေးဖွားသူ ၎င်းသည် စစ်တက္ကသိုလ်အပတ်စဉ် ၃၀ တက်ရောက်ခဲ့သူဖြစ်ကာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထက် အသက် ၁၀ ကျော်နှစ်ကျော် ငယ်ရွယ်သူလည်းဖြစ်သည်။ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်းဖြစ်သူ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး၏ ကိုယ်ရေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းသည် ၂၀၁၇ ခုနှစ်တွင် စစ်ဦးစီးအရာရှိချုပ် (ကြည်း) အဖြစ် ရာထူးတိုးမြှင့်ခြင်းခံခဲ့ရသူဖြစ်ကာ ထိုအချိန်က အသက် ၄၈ နှစ်အရွယ်သာ ရှိသေးသည်။ ထိုအချိန်က စစ်တိုင်းမှူးများတွင် အသက်အငယ်ဆုံးဖြစ်သော မိုးမြင့်ထွန်းကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒုတိယဗိုလ်ချုပ်ကြီးအဖြစ် ရာထူးအဆင့်တိုးပေးကာ တပ်မတော်တွင် လွန်စွာအရေးပါသော စစ်ဦးစီးအရာရှိချုပ် (ကြည်း) အဖြစ် ခန့်အပ်ခဲ့သည်။ ထိုမတိုင်မီက မိုးမြင့်ထွန်းမှာ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဖြစ်သည်။စစ်ကောင်စီအဖွဲ့ဝင်ဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းသည် တပ်မတော်စစ်ဦးစီးအရာရှိချုပ် (ကြည်း) တာဝန်အပြင် စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထ ၆) အဖြစ် ပူးတွဲတာဝန်ယူထားသူလည်းဖြစ်ကာ စစ်အာဏာသိမ်းပြီးနောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သွားလေရာ အနီးကပ်လိုက်ပါရသူဖြစ်သဖြင့် တပ်မတော်အတွင်း တခြားဗိုလ်ချုပ်ကြီးများထက် ဩဇာကြီးမားသူဟု ဆိုနိုင်သည်။ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၏ ဇနီးမှာ ဒေါ်ခိုင်ပပချစ်ဖြစ်ပြီး ၎င်းတို့တွင် သားသမီးသုံးဦးရှိသည်။ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် စစ်ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်သည် NLD အစိုးရလက်ထက်တွင် ပြည်ထဲရေးဝန်ကြီးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေအစား ခန့်အပ်ခြင်းခံခဲ့ရသူဖြစ်သည်။ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စစ်အာဏာပြီးနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်သည့် ဝန်ကြီးများအနက် စစ်ကောင်စီလက်ထက်တွင် ဆက်လက်ခန့်အပ်ခြင်းခံရသည့် တစ်ဦးတည်းသော အစိုးရအဖွဲ့ဝန်ကြီးတစ်ပါးဖြစ်သည်။၁၉၆၀ ပြည့်နှစ်တွင် မွေးဖွားခဲ့သူ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်သည် နဝတကောင်စီအတွင်းရေးမှူး (၂) ဗိုလ်ချုပ်ကြီးတင်ဦးနှင့်အတူ ရဟတ်ယာဉ်ပျက်ကျပြီး ကွယ်လွန်ခဲ့သူ ဗိုလ်မှူးချုပ်လွန်းမောင်၏ သားဖြစ်သည်။ ဗိုလ်သင်တန်းအပတ်စဉ် ၆၄ (OTS – 64) တက်ရောက်ခဲ့သူဖြစ်သည်။ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် အမှတ် (၆) စစ်ဆင်ရေးအထူးအဖွဲ့မှူးဖြစ်လာခဲ့သည်။ ၎င်းကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၀ ပြည့်နှစ် NLD အစိုးရလက်ထက်တွင် ပြည်ထဲရေးဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းခဲ့သည်။ ထိုအချက်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့် အာဏာသိမ်းမှုကို ကြိုတင်ကြံစည်ခဲ့သည်ကို ထောက်ပြနေသော အချက်တစ်ချက်ပင်ဖြစ်သည်။ အကြောင်းမူကား စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ကို ပြည်ထဲရေးဝန်ကြီးအဖြစ် ဆက်လက်ခန့်ထားခဲ့သည်သာမက ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးအဖြစ်ပါ ခန့်အပ်ခဲ့သည်။အာဏာသိမ်းစစ်ကောင်စီ၏ အရေးပါသော ပြည်ထဲရေးဝန်ကြီးအပြင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးအဖြစ်ပါ ခန့်အပ်ခြင်းခံရသူ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်သည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ အထူးယုံကြည်ကိုယ်စားခြင်းခံရသူ ဗိုလ်ချုပ်ကြီးတစ်ဦးလည်းဖြစ်သည်။ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်သည် ပြည်ထဲရေးဝန်ကြီးမဖြစ်မီက တပ်မတော်တွင် စစ်ဥပဒေချုပ်အဖြစ်လည်းကောင်း၊ စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်အဖြစ်လည်းကောင်း တာဝန်ယူခဲ့ရသူဖြစ်သည်။သူ၏ ဇနီးမှာ ဒေါ်နီလာစိန်ဖြစ်ပြီး ၎င်းတို့တွင် သားသုံးယောက်ရှိသည်။ ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေး တပ်မတော် စစ်ဥပဒေချုပ်ဟောင်းဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေးမှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ အထူးယုံကြည်ကိုယ်စားခံရသူဟု ယူဆနိုင်သည်။ အကြောင်းမူကား အခြားသော ထိပ်တန်းဗိုလ်ချုပ်ကြီးများရှိနေသော်လည်း သူ့ကို စစ်ကောင်စီအတွင်းရေးမှူးအဖြစ် ရွေးချယ်ခန့်အပ်ခဲ့ခြင်းကြောင့်ဖြစ်သည်။၁၉၆၂ ခုနှစ်တွင် မွေးဖွားခဲ့သူ ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေးသည် စစ်တက္ကသိုလ်အပတ်စဉ် ၂၅ တက်ရောက်ခဲ့သူဖြစ်သည်။ ၎င်းနှင့်အတူ တစ်ပတ်စဉ်တည်း တက်ရောက်ခဲ့သူများမှာ တပ်မတော်ညှိနှိုင်းကွပ်ကွဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဟောင်း ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်နှင့် လက်ရှိ ညှိနှိုင်းကွပ်ကွဲရေးမှူး (ကြည်း၊ ရေ၊ လေ)ဖြစ်သူ ဗိုလ်ချုပ်ကြီးမောင်မောင်အေးတို့ ဖြစ်သည်။တပ်တွင်း၌ နည်းဗျူဟာနှင့် စိတ်ဓာတ်စစ်ဆင်ရေးဆရာကြီးဖြစ်သူဟု နာမည်ကျော်ကြားသူ ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေးမှာ တပ်မတော်နည်းပညာတက္ကသိုလ်ကျောင်းအုပ်ကြီး၊ ထိုမှ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တပ်မတော်မှတ်တမ်းရုံး ညွှန်ကြားရေးမှူးချုပ်ဖြစ်ခဲ့သည်။ ထို့နောက်တွင် စစ်ဥပဒေချုပ်အဖြစ် ရာထူးတိုးမြှင့်ခံခဲ့ရသည်။အာဏာသိမ်းစစ်ကောင်စီတွင် အထူးအရေးပါလှသော အတွင်းရေးမှူးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၏ ဇနီးဖြစ်သူမှာ ဒေါ်ဥမ္မာမြင့်ဖြစ်ပြီး ၎င်းတို့တွင် သားတစ်ဦး၊ သမီးနှစ်ဦး ရှိသည်။ ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦးစစ်ကောင်စီတွဲဖက်အတွင်းရေးမှူးဖြစ်ပြီး တပ်မတော်၏ လက်ရှိ စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်လည်းဖြစ်သည်။ ၁၉၆၆ ခုနှစ်တွင် မွေးဖွားခဲ့သူ ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦးမှာ ဗိုလ်သင်တန်းအပတ်စဉ် ၇၇ (OTS – 77) တက်ရောက်ခဲ့သူဖြစ်သည်။ရန်ကုန်တိုင်းစစ်ဌာနချုပ်တွင် စစ်ဦးစီးပထမတန်း (G1) အဖြစ်လည်းကောင်း၊ တပ်မ ၁၁ တွင် တပ်မမှူးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။ တပ်မတော်ဆေးတက္ကသိုလ်ကျောင်းအုပ်ကြီးဖြစ်ပြီးနောက် ၂၀၀၈ ခုနှစ်တွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။၂၀၂၀ မေလတွင် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ကို ပြည်ထဲရေးဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းခန့်အပ်ပြီးနောက် ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦးကို စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်အဖြစ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ခန့်အပ်ခဲ့သည်။စစ်အာဏာသိမ်းပြီးနောက် အွန်လိုင်းမှတဆင့်ပြုလုပ်သည့် အာဆီယံထောက်လှမ်ရေးမှူးချုပ်များ၏ အစည်းအဝေးတွင် အာဏာသိမ်းစစ်ကောင်စီ တွဲဖက်အတွင်းရေးမှူးလည်းဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦးက မြန်မာနိုင်ငံ၏ ထောက်လှမ်ရေးမှူးချုပ်အဖြစ် တက်ရောက်ခဲ့သည်။သူ၏ ဇနီးမှာ ဒေါ်နီလာဖြစ်ပြီး ၎င်းတို့တွင် သမီးတစ်ဦးရှိသည်။စစ်ကောင်စီပြင်ပ အထူးအရေးပါသော အခြားဗိုလ်ချုပ်ကြီးများ ​အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၎င်းယုံကြည်အားထားသည့် ဗိုလ်ချုပ်ကြီးများကို စစ်ကောင်စီနှင့် တပ်မတော်ထိပ်တန်းရာထူးဌာနများတွင် ခွဲဝေနေရာချထားပေးထားဟန်ရှိသည်။ တပ်မတော်တွင် နံပါတ် ၃ အဆင့်ရှိသူ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးမြထွန်းဦးကို စစ်ကောင်စီတွင် ထည့်သွင်းထားသော်လည်း တပ်မတော်၏ ထိပ်တန်းရာထူးမှ ဖယ်ရှားခဲ့သည်။ဗိုလ်ချုပ်ကြီးမြထွန်းဦး၏ နေရာကို တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီးမောင်မောင်အေးနှင့် အစားထိုးခန့်အပ်ခဲ့သည်။ သို့သော် ၎င်းကို စစ်ကောင်စီတွင် နေရာပေးခြင်းတော့ မရှိပေ။ ဗိုလ်ချုပ်ကြီးမောင်မောင်အေး မှာ ၂၀၁၅ ခုနှစ်ကတည်းက တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ဖြစ်လာခဲ့သူဖြစ်ကာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လက်ထက်တွင် ပုံမှန်ပြုလုပ်လေ့ရှိသည့် ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်းရေး လေ့ကျင့်ခန်းကြီးများကို ဦးစီးဆောင်ရွက်ခဲ့ရသူဖြစ်သည်။ဗိုလ်ချုပ်ကြီးမောင်မောင်အေးမှာ စစ်တက္ကသိုလ်အပတ်စဉ် ၂၅ တက်ရောက်ခဲ့သူဖြစ်ပြီး ၎င်းနှင့်အတူ တစ်ပတ်စဉ်တည်းတက်ရောက်ခဲ့သူများမှာ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးဟောင်း ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ စစ်ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၊ စစ်ကောင်စီနယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်တို့ဖြစ်သည်။၂၀၁၀ ပြည့်နှစ်တွင် ကစထ (၆) လက်အောက်ခံ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဖြစ်လာပြီး ၂၀၁၅ ခုနှစ်တွင် တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ဖြစ်ခဲ့သည်။ စစ်အာဏာသိမ်းပြီးနောက် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဖြစ်လာသည်။သူ့ရှေ့တွင် တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ဖြစ်ခဲ့သူများမှာ ဒုတိယဗိုလ်ချုပ်ကြီးအောင်ငြိမ်းနှင့် ဗိုလ်ချုပ်ကြီးလှဌေးဝင်းတို့ဖြစ်သည်။တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ မြှောက်စားမှုဖြင့် ရာထူးအတက်မြန်ခဲ့သူတစ်ဦးမှာ ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်ဟေင်းတစ်ဦးဖြစ်သူ ဦးအောင်သောင်း၏သား ဗိုလ်ချုပ်ကြီးမိုးအောင်ဖြစ်သည်။ ဗိုလ်ချုပ်ကြီးမိုးအောင်မှာ ရေတပ်စစ်ဦးစီးအရာရှိချုပ်ဘဝကတည်းက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ နိုင်ငံခြားခရီးစဉ်အများစုတွင် လိုက်ပါခဲ့ရသူဖြစ်ကာ အာဏာသိမ်းပြီးနောက် ကာကွယ်ရေးဦးစီးချုပ် (ရေ) အဖြစ် ဗိုလ်ချုပ်ကြီးတင်အောင်စန်း၏ နေရာတွင် အစားထိုးခန့်အပ်ခံခဲ့ရသူဖြစ်သည်။ ဗိုလ်ချုပ်ကြီးတင်အောင်စန်းကို စစ်ကောင်စီအဖွဲ့ဝင်တစ်ဦးအဖြစ် ထည့်ထားသော်လည်း တပ်ရာထူးပေးတော့ခြင်း မရှိဘဲ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးအဖြစ်သာ ခန့်အပ်ခဲ့သည်။ ထို့အတူ ဗိုလ်ချုပ် ကြီးမိုးအောင်ကို ရေတပ်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ရာထူးတိုးမြှင့်ပေးထားသော်လည်း စစ်ကောင်စီတွင် ထည့်သွင်းထားခြင်း မရှိပေ။ ပြည်ခိုင်းဖြိုးပါတီတွင် အမာလိုင်းအဖွဲ့ဝင် ခေါင်းဆောင်တစ်ဦးဖြစ်သူဟု သတ်မှတ်ခြင်းခံရသူ စက်မှုဝန်ကြီးဟောင်း ဦးအောင်သောင်း၏ သားကြီးဖြစ်သူမှာ တပ်မတော်တွင် ဗိုလ်ချုပ်ကြီးအဆင့်ဖြင့် ရေတပ်ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာခဲ့သည်။ ဗိုလ်ချုပ်ကြီးမိုးအောင်မှာ စစ်တက္ကသိုလ်အပတ်စဉ် ၂၈ တက်ရောက်ခဲ့သူဖြစ်သည်။ စစ်ကောင်စီအဖွဲ့ဝင်မဟုတ်သော်လည်း အခြားအရေးပါသော ဗိုလ်ချုပ်ကြီးတစ်ဦးမှာ မျိုးဇော်သိန်းဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ အနီးကပ်လူယုံတော်တစ်ဦးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီးမျိုးဇော်သိန်းမှာ တပ်မတော်တွင် အရေးပါသော ထိပ်တန်းရာထူးတစ်ခုဖြစ်သည့် စစ်ရေးချုပ်တာဝန်ယူထားသည်။ ဒုတိယဗိုလ်ချုပ်ကြီးမျိုးဇော်သိန်းမှာလည်း စစ်တက္ကသိုလ်အပတ်စဉ် ၂၈ တက်ရောက်ခဲ့သူဖြစ်သည်။ တပ်မတော်ဆေးတက္ကသိုလ်ကျောင်းအုပ်ကြီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ စစ်ဆင်ရေးအထူးအဖွဲ့မှူးတာဝန်များ ထမ်းဆောင်ခဲ့သည်။၂၀၁၇ ခုနှစ်တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ်မှ နေပြည်တော်သို့ အမှတ် (၅) စစ်ဆင်ရေးအထူးအဖွဲ့မှူးအဖြစ် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ရပြီး နောက်ပိုင်းတွင် စစ်ရေးချုပ်ဖြစ်လာခဲ့သည်။ အာဏာသိမ်းပြီးနောက် စစ်ကောင်စီက အသစ်ခန့်အပ်ခဲ့သည့် ရဲချုပ်မှာ ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်ဖြစ်သည်။ ၎င်းမှာ စစ်ကောင်စီ၏ ဒုတိယပြည်ထဲရေးဝန်ကြီးလည်းဖြစ်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒပြသူများကို ဖြိုခွင်းရာတွင် အဓိကအားဖြင့် တိုက်ရိုက်ပါဝင်ပတ်သက်သူ စစ်ဗိုလ်ချုပ်ကြီးတစ်ဦးပင်ဖြစ်သည်။ ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်မှာ စစ်တက္ကသိုလ်အပတ်စဉ် ၂၉ တက်ရောက်ခဲ့သူဖြစ်ကာ ယခင်က အရှေ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်များတွင် တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။လက်ရှိ တပ်မတော်တွင် အသက်အငယ်ဆုံးသော ဒုတိယဗိုလ်ချုပ်ကြီးဖြစ်သူမှာ မန္တလေးအခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးဖြစ်ခဲ့သူ ကျော်စွာလင်းဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် မေလအတွင်း စစ်ထောက်ချုပ်အဖြစ် နေပြည်တော်သို့ ရောက်ရှိလာချိန်တွင် ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းမှာ အသက် ၄၈ နှစ်အရွယ်ခန့်သာ ရှိသေးသည်။ စစ်ထောက်ချုပ်ရာထူးမှာ တပ်မတော်တွင် အထူးအရေးပါသော ထိပ်တန်းရာထူးတစ်ခုဖြစ်ပြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းမတိုင်မီက စစ်ထောက်ချုပ်ဖြစ်ခဲ့သူများမှာ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးညိုစောနှင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌလုပ်ခဲ့သူ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးတို့ဖြစ်သည်။ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းမှာ စစ်တက္ကသိုလ်အပတ်စဉ် ၃၅ တက်ရောက်ခဲ့သူဖြစ်ကာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးမဖြစ်ခင်က စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) တပ်မှူးဖြစ်ခဲ့သည်။ ဇနီးဖြစ်သူမှာ ဒေါက်တာနန်းကူကူးဖြစ်ပြီး ၎င်းတို့တွင် သမီးတစ်ဦးရှိသည်။

သားရွှေအိုးထမ်းတဲ့ ကိန်းဆိုက်မယ့် NUGရဲ့ ငွေတိုက်စာချုပ် (Bond) ထုတ်ရောင်းမယ့် မဟာဗျူဟာ