အတိတ်ကပုံရိပ်များ……{အပိုင်း ၃၆-၃၇}
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
အတိတ်ကပုံရိပ်များ……{အပိုင်း ၃၆}
®
ဗေဒါ Lucres Wood ဘက်ကနေ ရန်ကုန်ပြန်ရောက်တော့ mr.လု က ဂျပန်ဘက်ကို သွားမည့်ခရီးမှာ သူနှင့်အတူလိုက်ပါရန်ဆိုလာပါတယ် အလုပ်ကိစ္စာဘယ်ဖြစ်မည်ထင်၍ ဗေဒါ ထုံးစံအတိုင်းမမေးခဲ့မိပါ မသွားခင်တော့ အေးဆေးအနားယူရန်ဆိုပါ၏ ဂျာနှုး နေရာတွင်တော့ mr.လု သမီးတစ်ယောက်က တာဝန်ဝင်ယူထား၏ သူက စင်္ကာပူကဘွဲ့ ရခဲ့ပြီး ဘာသာစကား၅ခုကိုကျွမ်းကျင်စွာ ပြောဆိုတတ်၏ စီးပွားရေးပါရဂူဘွဲ့  ရရှီခဲ့သူဖြစ်သည် လော်ကြီး ၏ လမ်းစဉ်ဖြစ်သော် ပညာသည်သာ အားထားရာ ဟူသောလမ်းကြောင်းပေါ်သို့  လော် တတိယမျိုးဆက်သစ်များ လျှောက်လမ်းလာမှုက ပုံပေါ်လာပြီ ထင်ပါသည် ဂျာနှုး ရုံးခန်းလေးမြင်တော့ ဂျာနှုးကို သတိရမိပြန်၏ နှစ်အတော်ကြာ သံယောဇဉ်ရှိခဲ့ကြသူနှစ်ဦး၏ချစ်ခြင်းက စာဖွဲ့ ပြရန် ကဗျာ မမှီ စာမပီ နှိင်ပါ အချစ်ကို မေတ္တာတရားဖြင့်တည်ဆောက်ထားသူများအတွက် ခံစားချက်က ကြီးမားပါ၏
ဗေဒါ နေထိုင်ရန် ဂျာနှုးနေခဲ့သောကိုးမိုင်ဘကက်ခြံတွင်နေရန်ပြောသဖြင့် ထိုခြံတွင် နေရန်ထွက်လာလိုက်၏ ဘာပဲပြောပြော ထိုခြံတွင် ဂျာနှုး အငွေ့ သက်လေးများ အရိပ်များ ရှိနေမည်မှာ ကျိန်းသေပင်ဖြစ်သည် လွမ်းစရာကိုဖြေသိမ့်ရုံမှတစ်ပါး ကျန်တာ ဗေဒါ မတတ်နှိင်ပါ mr.လု က သူလက်ရှိစီးနေသောကားကို ဗေဒါစီးရန် နှင့် ဗေဒါ အတွက် ဘောက်ဆူး လစာ အသုံးစရိတ်အကုန်ထုတ်ပေးရန် သမီးဖြစ်သူကို ညွှန်ကြား၏ mr.လု သမီး အမည်က ဝင်ဒီလု ဖြစ်သည် ဗေဒါ တို့ ဂျာနှုးတို့ ထိန်းကျောင်းခဲ့သော ကလေးများမဟုတ် ငယ်စဉ်ကတည်းကစင်္ကာပူတွင်ကျောင်းသွားတက်နေသော သမီးအကြီးဆုံးဖြစ်သည်
ကိုးမိုင်ခြံတွင်တော့ အိမ့်စောင့် အဖွားကြီးနှင့် သူသား သမီးတို့ ပေါင်း သုံးယောက် အိမ်မကြီးအပြင်ဘက်တွင် သီးသန့် နေ၏ ထိုခြံတွင် ရေကူးကန်ရှိ၏ ခြံထဲက ပင်မအိမ်သည် အတော်လေးခောတ်မှီစွာ တည်ဆောက်ထား၏ ထိုအိမ်တွင် မြေအောက်ခန်းတစ်ခုပါဝင်သော နှစ်ထပ်တိုက် လေးဖြစ်၏
ထိုခြံတွင်ဗေဒါ အေးဆေးစွာအနားယူလိုက်၏
သူငယ်ချင်းဖြစ်သူ ညီညီ ကိုလှမ်းခေါ်တော့ ညီညီရောက်လာပြီ သူငယ်ချင်းနှစ်ယောက် လောကစည်းစိမ်အထွေထွေကို အေးအေးလူလူ ခံစားစံစားနေလိုက်ကြသည် ညီညီက အမွေများစွာ ရထားသောခြံတွေ များစွာပိုင်ဆိုင်ထား၏ သူငွေသုံးရန်မရှိလျှင် ခြံရောင်းပြီ ထိုင်သုံး၏ ညီညီတို့ မိသားစုက ပင်းတယ ဘက်ကပါ အဖေဖြစ်သူက တပ်မတော်ရေတပ်တစ်ခု၏ ဠာနာချုပ်မှုး အရပ်ဘက်ပြောင်းတော့ ပြည်ထဲရေးဘက်ပြောင်းပြီအငြိမ်းစားယူမှာဆုံးသွား၏ အကိုဖြစ်သူက ကကလှမ်းမှာ အထူးချွန်ဆုံး ပျိုတိုင်းကြိုက်နှင်းဆီခိုင် သို့ သော် ငယ်ငယ်ရွယ်နှင့်ပင်ကွယ်လွန်သွားခဲ့လေသည် ညီညီ အကိုဝမ်းကွဲတစ်ယောက်က အတွင်းရေးမှုး (၂) ဗိုလ်ချုပ်တင်ဦး၏ ကိုယ်ရေးအရာရှိ ဗိုလ်မှုးတင်မော်လှိုင် အတွင်းရေးမှုး ရဟတ်ယဉ် မပျက်ကျစဉ်ကတည်းက တင်မော်လှိုင် လုပ်ကြံခံခဲ့ရ၏ သတင်းထုတ်ပြန်တော့ မိမိကိုယ်ကို သတ်သေသွားသည်ဆို၏ ညီညီတို့မိသားစုနှင့် ဦးတင်ဦးမိသားစုက အတော်လေးရင်းနှီးကြ၏ နှစ်အိမ်တစိအိမ်နေခဲ့ကြသောမိသားစုများ ဖြစ်သည် ညီညီက အတွင်းရေးမှုး (၂)
အကြောင်းဗေဒါကိုအတော်လေး အတွင်းကျကျ ရှင်းပြခဲ့ဖူး၏ သူအကိုဝမ်းကွဲဖြစ်သူက ဦးတင်ဦး၏ လူယုံတစ်ဦးဖြစ်ခဲ့သဖြင့် တပ်အတွင်းရေးကို ကောင်းကောင်းသိ၏ ဆရာဝန်ဖြစိသူ ညီညီက နှိင်ငံရေးအတော်လေး လေ့လာအားကောင်းသူဖြစ်သည် လူကောင်းလူတော်တစ်ယောက် ဆေးချတတ်သွားသဖြင့် ဆရာဝန်လည်းဆက်မလုပ် မိသားစုမှာ တစ်ယောက်တည်းအထီးကျန်စွာကျန်ခဲ့ပြီ ရှိသမျှအမွေထိုင်သုံးနေခြင်းဖြစ်သည်
ညီညီ ပြောပြခဲ့သမျှ တပ်အတွင်းရေးတစ်ချို့ ပြောပြပါမယ့် ဦးသန်းရွှေ ဟာ တပ်မှာ ထိုစဉ်က ပါဝါ မရှိပါ ဦးနေဝင်း၏ လူရင်းသြဇာခံ ဦးခင်ညွန့် ၏ကစားကွက်အတိုင်း လ်ုက်ပါနေရသူဖြစ်သည် ထို ကစားကွက်ကို မနှစ်သက်သူများက အတွင်းရေးမှုး (၂) ဦးတင်ဦးပင်ဖြစ်သည် တပ်စကားနှင့်ပြောလျှင် ဖိုက်တာ စစ်စစ် စကားအပိုမပြော ဟော့ဟော့ဒိုင်းဒိုင်း လုပ်တတ်သူဖြစ်သည် တပ်အပေါ်လည်း ဦးသန်းရွှေထက် သြဇာညောင်း၏ သူကို ထောက်ခံသူအများစုဖြစ်သော် ထွန်းကြည် မျိုးညွန့် ကျော်ဘ မြင့်အောင် မြသင်း တို့ အားလုံးစစ်တိုင်းမှုးဘဝနဲ့  ၈၈မှာကျော်ဇောခဲ့သူများဖြစ်သည် ထိုလူများက ဦးတငိဦးကို အပြတ်သတ်ထောက်ခံ၏ အတွင်းရေးမှုး (၁) သည် တပ်၏ စီနီယာ ဂျူနီယာအရ တပ်ထိပ်ပိုင်းသို့ ရောက်လာရန်လမ်းစမရှိပေ ထောက်လှမ်းရေးညွှန်မှုးတစ်ယောက်က တပ်အကြီးအကဲဖြစ်ရန် တပ်က လက်မခံသော်လည်း အာဏာရှင်ဖြစ်သော ဦးနေဝင်း၏ မိမိအာဏာကာကွယ်ရန်မွေးထောက်ပေးခဲ့သော ထောက်လှမ်းရေးအကြီးအကဲသည်တပ်မှာအကောင်ဖြစ်လာသည် သူသြဇာကို အတိုင်းထက်အလွန်တည်ဆောက်ထား၏ ဦးစောမောင်ကို ဖြုတ်ချခြင်းတွင် ဦးသန်းရွှေထက် သူအခန်းကဏ္ဍကပိုကြီးမား၏ ထောက်လှမ်းရေးနည်းနာများဖြစ်သော ဦးစောမောင်ကို ဆေးထိုးပေးလိုက်ခြင်းဖြစ်သည် ဦးသန်းရွှေက အလိုက်သင့်လေးပဲ လိုက်ပါနေရသော ကာလဖြစ်သည် ထို အခြေအနေများကို မနှစ်မြိုသူက အတွင်းရေးမှုး (၂)ပင်ဖြစ်သည် ထောက်လှမ်းရေးအကြီးအကဲလက်သုံးစကားဖြစ်သော ၁က ၁ပဲ ၂ က ၂ ပဲဟူသောစကားသည် ၂ကို လန့် နေခြင်းပင်ဖြစ်သည် တပ်ပါဝါအရ တွင်း (၂) ဦးတင်ဦးသာ တပ်၏ ထိပ်ပိုင်းရောက်မည်သာဖြစ်သည် ထိုစဉ်က စီးပွားရေးသမားများတွငိလည်း ၁ လူ ၂ လူ အများအပြားကွဲနေကြ၏ ထို အခြေအနေအရပ်ရပ်တွင် အတွင်းရေးမှုး(၃)ကို ၀ဏ္ဍတို့ အဖေကို ပေးလိုက်ခြင်းဖြင့် အတွင်းရေးမှုး (၂) ပါဝါ ကို ခွဲထုတ်ခြင်းပင်ဖြစ်သည် ထိုအမိန့် ကို ဦးနေဝင်း၏သမီးတော်နှင့် ထောက်လှမ်းရေးအကြီးအကဲဖြစ်သူတို့ က ဖန်တီးခဲ့ကြခြင်းသာဖြစ်သည် အတွင်းရေးမှုး (၁)ဖြစ်သူကတော့ ဘယ်အရာမှာလက်အလွှတ်ပဲ ကကလှမ်းသြဇာသာ ကြီးထွားရန်တည်ဆောက်၏ ညီညီအက်ုဝမ်းကွဲဖြစ်သူသည် ထ်ုကာလာများတွင် စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်ရသည်ဟုဆို၏ အကြောင်းမှာ ဖြုတ်ထုတ်သတ် အစီအစဉ် မိမိလူကြီးပါဝင်နေပြီကို သူကြိုတင်သိရှိခဲ့ပုံရသည် ထိုအကြံအစည်ကို လက်တွေ့ အကောင်အထည်ဖော်လာပါကာ သူလည်း အသက်ပေးကာကွယ်ရန် အသင့်ရှ်သော်လည်း အလုံးစုံတော့စွမ်းနှိင်မည် မဟုတ်ပေ ထိုစဉ်အတောအတွင်းမှာပင် တင်မော်လှိုင် လုပ်ကြံခံခဲ့ရ၏ တပ်က သတင်းထုတ်ပြန်သော်အခါ မိမိကိုယ်မိမိသတ်သေသွားသည်ဟုဆို၏ သူအသုဘအခမ်းအနားကို သူလူကြီးကိုယ်တိုင် အလံလာခြုံပေးသွား၏ တင်မော်လှိုင်က တပ်မှာ စစ်ဆင်ရေးအထူးတပ်ဖွဲ့ မှုး ၏ ကိုယ်ရေးအရာရှိ တပ်သဘောတရားများနှင့် ခြေမြန်တပ်မများအကြောင်း စစ်ရေးဗျူ ဟာများကျွမ်းကျင်သူဖြစ်သည် သူအပတ်စဉ်က လူတွေ ယနေ့ တိုင်းပြည် အထွဠ်အထိပ်ရောက်ရှိနေပြီ ဖြစ်သည် မိသားစုမျိုးရိုးလိုက်က ယောက်ကျားလေးဆို စစ်သားပဲလုပ်ခိုင်းခဲ့သောမျိုးရိုး ဘကြီးဖြစ်သူက တပ်မှာ တိုကိပွဲပေါင်းများစွာကျော်လွားအောင်မြင်ခဲ့သော စစ်ဗိသုကာကြီး လွတ်လပ်ရေးမော်ကွန်းဝင် တစည၏ ပဲ့ ကိုင်ရှင် အမိန့် ကို စဉ်ဆက်မပြတ်နားထောင်ခဲ့သော စစ်သားကောင်းတစ်ဦး သူမျိုးဆက်များက လည်း စစ်သားအများစု တင်မော်လှိုင် ထ်ုသို့ ဖြစ်ပြီးနောက်ပိုင်းတွင်တော့ ညီညီ တို့ နောက်မျိုျးက်သစ်များတွင်တော့ စစ်သားတစ်ယောက်မှာ မရှိတော့ပေ စစ်သားကို စိတ်နာသွားကြတဲ့ ပင်းတယ မိသားစုပါ ညီညီအဒေါ်က စာရေးဆရာမတစ်ဦးဖြစ်သည်
ညီညီ နှင့် အတူ ကိုးမိုင်တွင် ၄ရက်လောက်အနားယူပြီးနောက် ဂျပန်သွားမည့်အချိန်ရောက်လာသဖြင့် ဗေဒါလည်းပြင်ဆင်ပြီး mr.လု ခြံသို့ ထွက်ခွာလာလိုက်သည် အရှေ့ ဆီက နေဝန်းနီနီသို့  ဗေဒါ ရောက်ရှိရပေအုံးမည် ထိုခရီးတွင် mr.လု သမီးဖြစ်သူဝင်ဒီလု မိဂျင်းရှမ်းဆိုသောစင်္ကာပူမလေးတစ်ယောက် သားဖြစ်သူ ဗေဒါ လော်ရှည် အားလုံးပေါင်း ၆ယောက် ဂျပန်သို့  ထွက်ခွာလာကြသည်
အတိတ်ကဂျပန်နှင့် ယနေ့ ဂျပန်မတူတော့ပြီ စစ်အရှုးသမားတွေက ရုပ်လုံးကြွခဲ့ပြီ
ပြောပြမယ် ဂျပန်အကြောင်း
မနက်ဆို ပဲပြုတ်ဗျို့ လို့အော်သံမကြားရဘူး ဒူဝေဝေ ဆိုပြီး ဘုန်းကြီး ဆွမ်းခံလာရင်ထုတဲ့ ကြေးစည်သံလဲမကြားရဘူဗျာ ချိုကျတို့ ပေါ့ဆိမ့် တို့ရတဲ့ လ္ဘက်ရည်ဆိုင်လဲဗလာ ငွေပြတ်လို့ ဗူးလိုက် ဝယ်မသောက်နိုင်တဲ့အခါ တစ်ရာဖိုး သုံးလိပ်ရောင်းတဲ့ ကွမ်းယာဆိုင်လဲမရှိဘူး ကလေးလေးတွေကို မုန့်ဖိုးပေး အရက်ဝယ်ခိုင်းရင်လဲ ဆိုင်တွေက မရောင်းပေးဘူး လမ်းတွေမှာ တစ်ခွက် ငါးဆယ်နဲ့ ဝယ်သောက်လို့ရမဲ့ ရေခဲရေရောင်းတဲ့ဆိုင်လဲမရှိဘူးဗျာ ကျူပ်တို့မြန်မာလို ကုန်တိုက်ထဲဝင်ရင် သူခိုးစစ်သလိုစစ်တဲ့ လုံခြုံရေးတွေလဲမရှိဘူး တခါတလေ ငွေလေးမလောက်မငဖြစ်လို့ ဆန်း လေးလုံး ငါးလုံး ဆီ ငါးကျပ်သား တစ်ဆယ်သား ဝယ်လို့လဲမရဘူး အဝတ်အစားဝယ်ချင်လို့များသွားရင်လဲ ဈေးအလျော့အတင်းကမရှိပြန်ဘူး ညညအိပ်တော့လဲ ခြင်ထောင်ကမရှိပြန် ထမင်းစားပြီး အုပ်ဖို့ အုပ်ဆောင်းကမဲ့ ရေခဲသတ္တာထဲ ထည့်ထည့်ထားရတယ် ဘီယာကလေးသောက် ဆိုင်ကယ်လေးမောင်းပြန်ရင်လဲ ဒဏ်ရိုက်သတဲ့ မလွယ်ပါဘူး ပိုက်ဆံပေး ကော်ပီကူးတာတောင် ကိုယ့်ဘာသာကူးရတဲ့အဖြစ် လမ်းကူးတာတောင် စိမ်းမှတဲ့ မျက်လုံးပါတာပဲ ကားမလာရင်ကူးမှာပေါ့ တခါတလေ ပိုက်ဆံအကိုင်ကြမ်းလို့ ပြဲသွားတာ တိပ်လေးအသာကပ် အကောင်းကြားက ညှပ်ပေးတာပေါ့ ဒါကို ဆိုင်ဝန်ထမ်းက ရပါတယ်တဲ့ ဘယ်လောက်ပြဲပြဲ တိပ်မကပ်လဲ ပြန်လဲပေးတယ်တဲ့ သူများက စေတနာနဲ့ တိပ်ကပ်ပေးတာကို ပန်းကြည့်ပွဲသွားတယ် ပန်းတွေလှလို့ ခူးပြီး ဘုရားတင်မယ်ကြံတော့ မခူးရဘူးတဲ့ အလှပဲကြည့်ရတယ်ဆိုပဲ ကိုယ်တွေလူမျိုးက ပန်းဆိုတာ ပန်မှ အပင်ပေါ်မှပွင့် ညှိုးပြီးမြေခတာကို အလှကြည့်သတဲ့ ဒီလိုမျိုး မထော်မနန်းတွေ သိပ်တွေ့ရတာ ခွေးနဲ့လမ်းလျှောက်ထွက်တာ ခွေးချီးပါတာကို မရွံ့မရှာ ကျူံးပြီးတော့ အိမ်ပြန်ယူပစ်ကြသတဲ့ ဘေးဘီဝဲယာက ဘာလေးညာလေးနဲ့ဖုံးလိုက်ရင် ကိစ္စပြတ်နေတာကို ဂျပန်ဝက်အူ အရစ်ရှည်ပုံတွေ ပြောရင်လဲ ကုန်မှာမဟုတ်ပါဘူး
-
- ဂျပန်နိုင်ငံနဲ့ ဂျပန်လူမျိုးတွေဟာ “စည်းကမ်းကောင်းမွန်” ပြီး “တာဝန်ယူတဲ့စိတ်” အပြည့်အ၀ရှိတာကိုတော့ မကြာခဏကြားဘူး၊ သိဘူးနေပါတယ်၊
- သူတို့ နိုင်ငံကိုလည်း အမှန်တကယ်တိုးတက်၊ မြင့်မားလိုတဲ့စိတ် တနည်းအားဖြင့် “နိုင်ငံနဲ့လူမျိုးကိုချစ်တဲ့စိတ်” လည်း အပြည့်အ၀ရှိကြလို့ ကမ္ဘာပေါ်မှာ မြင့်မားတဲ့အဆင့်တစ်ခုကို ရောက်ရှိနေကြတာပါ၊
- “ဒီမိုကရေစီစနစ်” ကိုလည်း ဘုရင်အုပ်ချုပ်တဲ့စနစ်နေရာမှာ မှန်မှန်ကန်ကန်အစားထိုးပြီး ကျင့်သုံးခဲ့တာ အာရှတိုက်မှာ တော်တော်ကြာနေပါပြီ၊
- ဒီမိုကရေစီစနစ်ဆိုတော့ နိုင်ငံရေးပါတီတွေလည်း အများအပြားရှိကြတာမို့ “အာဏာရလာတဲ့ပါတီ” က အစိုးရ ဖွဲ့ပြီးစီမံခန့်ခွဲကြရပေမယ့် နိုင်ငံနဲ့လူမျိုးတိုးတက်ဖို့ကိစ္စကိုတော့ ဘယ်တော့မှ “မျက်ခြေပြတ်မခံဘဲ” ဦးစားပေး အဆင့်တစ်အဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့ကြတာ အစဉ်အလာတစ်ခုပါဘဲ၊
- အစိုးရအဖွဲ့အနေနဲ့ တစ်ခုခုအမှားအယွင်းရှိလာခဲ့ရင်လဲ တာဝန်ယူတဲ့စိတ်အပြည့်အ၀နဲ့ တာဝန်ယူကြတာမို့ “ဂျပန်နိုင်ငံရေးသမိုင်း” မှာ “သတ်မှတ်ထားတဲ့သက်တမ်း” (၄/၅ နှစ်) အပြည့် အုပ်ချုပ်နိုင်တဲ့ အစိုးရအဖွဲ့ဆို တာ မရှိသလောက်ရှားပါးလှပါတယ်၊
- ၀န်ကြီးဌာနတစ်ခုချင်းအနေနဲ့ဆို ပိုပြီးသက်တမ်းနည်းပါးတာတွေ့ရတယ်၊
- ၀န်ကြီးတစ်ယောက်ချင်းစီဟာ တာဝန်ယူထားတဲ့ လုပ်ငန်းတစ်ခုခုမအောင်မြင်ရင် (ဒါမှမဟုတ်) ချို့ယွင်းအား နည်းချက်ဖြစ်သွားရင် ကိုယ့်တာဝန်ကိုယ်ယူပြီး နုတ်ထွက်သွားကြတာမျိုးတွေ မကြာခဏတွေ့နေကြားနေရ တယ်၊
- ပြီးတော့ ဂျပန်နိုင်ငံဟာ သူ့နိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒ၊ ကာကွယ်ရေးမူဝါဒ၊ ကျန်းမာရေးမူဝါဒ၊ ပညာရေးမူဝါဒ၊ စတဲ့ “အဓိကကျတဲ့မူဝါဒ” ကိစ္စတွေကို သီးခြားဖွဲ့စည်းထားတဲ့ “Council” တွေနဲ့ (၅-နှစ်)၊ (၁၀-နှစ်)၊ နှစ် - ၃၀၊ နှစ် - ၅၀ Plan တွေ အခိုင်အမာရေးဆွဲထားပြီး “တက်လာတဲ့အစိုးရအဖွဲ့” အဆက်ဆက်က အောင်မြင်အောင် အကောင်အထည်ဖော်ပေးရတဲ့စနစ်တွေကို ဆောင်ရွက်ထားတယ်၊
- “ဒီပါတီအာဏာရပြီးအစိုးရဖွဲ့” ရင်တစ်မျိုး၊ “နောက်ပါတီအာဏာရပြီးအစိုးရလာရင်” နောက်တစ်မျိုး လုပ်ခွင့် မပေးထားဘူး၊
- အဲဒီတော့ ဘယ်သူဘဲနိုင်နိုင်၊ ဘယ်ပါတီဘဲအစိုးရဖွဲ့ဖွဲ့၊ ဂျပန်နိုင်ငံဟာ မှန်မှန်ကြီး၊ ဖြောင့်ဖြောင့်တန်းတန်း တိုးတက်နေတာ မဆန်းဘူးလို့ သိလိုက်ရတယ်၊
- အဲဒီမှာ မူဝါဒတွေကို တာဝန်ယူပြီးရေးဆွဲတဲ့ “Council” တွေနဲ့ Council အဖွဲ့ဝင်တွေဟာ အဓိကနေရာမှာ ရှိနေတာတွေ့လိုက်ရတယ်၊
- အဲ့ဒီ Council တွေကို ပျမ်းမျှအဖွဲ့ဝင် (၂၀) ဦးလောက်စီနဲ့ ဖွဲ့စည်းပေးထားပြီး၊ အရည်အချင်းရှိပြီး အငြိမ်းစား ယူထားတဲ့ “ဌာနဆိုင်ရာတာဝန်ရှိ” သူတွေ၊ လူအများကြည်ညိုလေးစားတဲ့ “ကုန်သည်/လုပ်ငန်းရှင်” တွေ၊ ပြည့်ဝတဲ့ “ပညာရှင်” တွေဆိုတဲ့ အလွှာအသီးသီးက အမှန်တကယ် “အရည်အချင်းပြည့်ဝပြီး” “နိုင်ငံနဲ့လူမျိုး ကိုချစ်တဲ့စိတ်” ရှိတဲ့ ပုဂိုလ်ကြီးတွေနဲ့ ဖွဲ့စည်းပေးထားတယ်၊
- အဲဒီ Council ၀င်တွေဟာ “လစာတစ်ပြား” မှ မရကြဘူး၊ “ဂုဏ်သိက္ခာ” အတွက်နဲ့ “နိုင်ငံနဲ့လူမျိုး” အတွက် အလုပ်လုပ်နေကြတာလို့လဲသိရတယ်၊
- “၂ - နှစ်ကိုတစ်ကြိမ်” ရွေးချယ် တာဝန်ပေးတာလို့လဲ လေ့လာကြည့်တော့ တွေ့ရတယ်၊
- အဲဒီပုဂိုလ်ကြီးတွေက ဂျပန်နိုင်ငံနဲ့ ဂျပန်လူမျိုး တွေရဲ့ အကျိုးစီးပွားကိုသာ မျှော်မှန်းပြီး “သက်ဆိုင်တဲ့မူဝါဒ” တွေကို နှစ်ရှည်ရေးဆွဲထားကြတယ်၊
- ၄ -နှစ်တစ်ကြိမ် တက်လာတဲ့ အစိုးရအဖွဲ့အသီးသီးက အဲဒီမူဝါဒတွေကို အောင်မြင်အောင် အကောင်အထည် ဖော်ကြရတာဘဲ၊
- ငါအာဏာရလာပြီမို့ “ငါကြိုက်သလိုလုပ်မယ်” ဆိုတဲ့ စိတ်မျိုးမရှိကြသလို “ကိုယ်ကျိုးစီးပွား” အတွက် ဟိုလို မြင်မယ်၊ ဒီလိုမြင်မယ်ဆိုရင်လဲ ခွင့်မပြုတော့ဘူး၊
- ပိုပြီး ကောင်းအောင် “အကြံပြု” လို့ရပါတယ်၊ ပိုပြီးကောင်းမယ်ဆိုရင် Council ၀င်တွေနဲ့ အသေးစိတ်ချပြ ဆွေးနွေးပြီး “ထပ်ဖြည့်လို့” လည်းရတယ်တဲ့၊
- အဲဒီလိုဆောင်ရွက်ထားတော့ ဂျပန်နိုင်ငံဟာ တစ်နှစ်ပြီးတစ်နှစ် မှန်မှန်ကြီး တိုးတက်နေတော့တာပေါ့၊
- “Council ၀င်တွေရဲ့အခန်းဂဏ္ဍ” တော်တော်အရေးကြီးတာတွေ့လိုက်ရတယ်၊
- ကျွန်တော်တို့ဆီမှာရော ပြန်လေ့လာကြည့်လိုက်ရအောင်၊
- ၀န်ကြီးဌာနအသီးသီးမှာ “အကြံပေးဆိုတဲ့” ပုဂိုလ်တွေကို အစဉ်အဆက်ခန့်အပ်ပြီး လုပ်ငန်းဆောင်ရွက်ခဲ့တဲ့ အစဉ်အလာရှိတာတွေ့ရပါတယ်၊
- တကယ်ကောင်းတဲ့ အကြံ/ဥာဏ် တွေ့ရ/မရတော့မသိပါဘူး၊ “၀န်ကြီးတစ်ဦးထဲ” ကခန့်အပ်ထားတာမို့ အဲဒီ ၀န်ကြီးအကြိုက် “အလိုက်အထိုက်” နေထိုင်သွားကြတာက ပိုပြီးများမယ်ထင်ပါတယ်၊
- ပြီးခဲ့တဲ့ ၅ - နှစ်ကာလမှာဆို ပိုပြီးဆိုးဝါးတဲ့အခြေအနေတွေ ရှိခဲ့တယ်လို့ကြားရတယ်၊
mr.လု တို့  လာရောက်တွေ့ ဆုံတဲ့လူက ဂျပန်အစိုးရအဖွဲ့ က အကြံပေးအရာရှိတစ်ယောက်ပါ သူက ယာကူဆာအဖွဲ့ ဝင်တစ်ယောက်လည်းဖြစ် စီးပွားရေးသမားတစ်ယောက်လည်းဖြစ်ပြန်တယ် သူက အဲဒီကာလက ဂျပန်အစိုးရအဖွဲ့ မှာ အတော်လေး အရာရောက်ပါတယ် ဗေဒါ လေ့လာမိသလောက် စကားပြော သိမ့်မွေ့ တဲ့လူတစ်ယောက်ပါ အကြံပေးအကြောင်း နည်းနည်း ရှင်းပြပါမယ်
- ၀န်ကြီးဌာနတစ်ခုမှာ အဲဒီဝန်ကြီးကို စာသင်ပေးနေတဲ့ ပုဂိုလ်တစ်ဦးကို အဲဒီဝန်ကြီးဌာနရဲ့ “အကြံပေး” ဆိုတဲ့ ရာထူးနဲ့ နေရာပေးခဲ့တော့ အဲဒီပုဂိုလ်က “အကြံပေးရာထူး” ဆိုတဲ့ “မာန်” တက်သွားပြီး ဒုဝန်ကြီးနဲ့ “Level” တူ
လုပ်ကိုင်ခွင့်ရှိပါတယ်
- အစည်းအဝေးမှာ ညွှန်ချုပ်တွေရဲ့ရှေ့မှာ နေရာယူခဲ့တဲ့အပြင် “၀န်ကြီးဌာန E.C” လို့ခေါ်တဲ့ အစည်းအဝေးမှာ ၀င်ထိုင်တာတင် အားမရတော့ဘဲ “၀င်စာ/ထွက်စာမှန်သမျှ” ဒုဝန်ကြီးဆီမတင်မှီ သူ့ဆီအရင်တင်ပြရမယ်လို့ စီစဉ်တဲ့အထိဖြစ်ခဲ့တယ်တဲ့၊
- နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့တွေ့ရင်လည်း သူကသာ အဓိကတွေ့ ဆုံပြီးမှာ ကျန် တဲ့လူတွေ တွေ့ ဆုံရပါတယ်
- ပြီးတော့ အဲဒီလို နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ဖို့ကိုလည်း “Food Person” ကောင်းရင် “သူ့နာမည်၊ သူ့လိပ်စာ၊ သူ့ Email” တွေဘဲပေးလိုက်တာမို့ လစဉ်ထောက်ပံ့ပေးတဲ့ “နိုင်ငံခြားထောက်ပံ့ငွေ” တွေနဲ့ တော်တော်လေးရရှိသူတစ်ဦးလည်းဖြစ်ပါတယ်
- ပြီးတော့ “၀န်ကြီးနဲ့ Call” တွေ့ချင်ရင်လည်း သူက “ပွဲစား” လုပ်ပေးတာမို့ သီးခြားဝင်ငွေရနေသေးတယ် အဲအကြံပေးကနောက်ပိုင်း မြန်မာပြည်မှာ အလုပ်လာလုပ်တဲ့အထိ မြန်မာစစ်အစိုးရကြားမှာ ပေါက်ရောက်ခဲ့သူပါ
- အကြံပေးနဲ့အဆင်ပြေအောင်ပေါင်းသင်းနိုင်ရင် ဌာနအတွင်း ရာထူးတိုးပေးဖို့ကိုလည်း တာဝန်ယူပြီးလုပ်ပေးနိုင်တဲ့ အထိအစွမ်းထက်ပါတယ်၊
- ပညာရှင်တွေဆိုတော့ “ကိုယ်ကျိုးစီးပွား” အတွက်တော့ ကြိုပြီးစဉ်းစားထားတာမို့ ၅ - နှစ် သက်တမ်းအတွင်း နေရာတစ်နေရာ ရအောင်ဖန်တီးဖို့  စတင်အကောင်အထည်ဖော်နေတဲ့သဘောရှိပါတယ်
-
- ဗေဒါတို့နိုင်ငံကို “ဂျပန်” လိုတိုးတက်စေချင်ပါတယ်၊
- ဗေဒ်ါတို့ လူမျိုးကို “ဂျပန်” လိုမြင့်မားစေချင်ပါတယ်၊
- နောက်အနှစ် “၂၀” မှာ “စင်္ကာပူ” ထက်ပိုပြီး သာတဲ့အပြင် “ဂျပန်လိုအဆင့်မျိုးထိ” ရောက်စေချင်ပါတယ်၊
- “အခြေခံ” က စပြီးပြင်ဆင်ထားမှ အခြေခံကောင်းအောင်လုပ်ထားမှ “အပေါ်ထပ်” ကို မြင့်မြင့်/မားမား ရောက်နိုင်မှာပါ၊ သို့ သော် စစ်အစိုးရရဲ့ စွမ်းရည် က ထိုသို့ အကောင်အထည်ဖော်ရန် လုံလောက်သော အသိညဏ်မရှိပါ စစ်အစိုးရက သူ့ အာဏာတည်မြဲရေးနှင့် သူ့ ချမ်းသာကြီးပွားရေးသာ အစဉ်တစိုက်ကြိုးပမ်းခဲ့သူများသာဖြစ်တယ်
ဂျပန်မှာ လော်မိသားစုပိုင် အိမ်ရှိပါတယ် အဲအိမ်မှာပဲ ဗေဒါတို့ နားခိုကြတာပါ mr.လု ဂျပန်ကိုလာခြင်း ရည်ရွယ်ချက်ကြီးကြီးမား ရှ်မည်ထင်၏ mr.လုနှင့် တွေ့ သော်သူသည် ဂျပန်အစိုးရအဖွဲ့ တွင် အထင်ကရ တစ်ယောက်ဖြစ်ပါတယ် သူကယာကူဆာ အဖွဲ့ ဝင်တစ်ယောက်ဟု ဗေဒါ သိရှိခဲ့ပြီးနောက် ဂျပန်ယာကူဆာတွေ မြန်မာပြည်မှာ ရှိနှိင်သလားဟု သူကိုမေးတော့ ရှိပါတယ်လို့ ဆိုတော့ ဗေဒါစိတ်ဝင်စားသွားပါတယ် ယာကူဆာတွေက တစ်ကမ္ဘာလုံး ပုံစံအမျိုးမျိုးဖြင့် စိမ့်ဝင် ပျံ့ နှံ့ လျှက်ရှိပေသည် အဖွဲ့ သားများကိုတော့ အထူးလှိုဝှက်ထား၏ ဗေဒါ အသိချင်ဆုံးက မြန်မာပြည်က ယာကူဇာမည်သူလဲဆိုတာပါ ယာကူဇာ အကြောင်း ဗေဒါ လေ့လာခဲ့သလောက် တင်ပြပေးလိုက်ပါတယ်
• ယာကူဇာ များ ရဲ့ ဘဝ
ယာကူဇာ များ ကို “ ဂို ခုဒို ”-Gokudo ဟူ၍ လည်း ခေါ်ဆို ပါတယ် ။ ယာကူဇာ အဖွဲ့ အစည်း ပေါ်ပေါက် လာပုံ နဲ့ ပတ်သက်လို့ တိတိ ကျကျ မှတ်တမ်း မရှိခဲ့ပေမဲ့ ယာကူဇာ အဖွဲ့များကို တော့ ပုံစံ နှစ်မျိုး နှင့် ပိုင်းခြား ထားပါတယ် “ ဘာခုဒို ”-Bakuto နဲ့
“ တက်ခိယ ”-Tekiya ဆိုပြီးတော့ ဖြစ်ပါတယ် ။ သူတို့ ဟာ “ အဲဒို ”-Edo ခေတ်လယ် ပိုင်း ကာလ ( 1603-1868 ) က စ၍ ထင်ရှား လာ ပါတယ် ။
တက်ခိယ-Tekiya တို့ဟာ အဓိက အားဖြင့် တရားမဝင် ပစ္စည်းများ ရောင်းချင်း ၊ ခိုးယူချင်း ၊ ပြန်ပေးစွဲချင်းများ ကို ပြုလုပ် ကြလေ့ ရှိပါတယ် ။ ဘာခုဒို-Bukuto တွေ က တရားမဝင် လောင်းကစားဝိုင်းများ ထောင်ခြင်း ကို ပြုလုပ်ပါတယ် ။
တက်ခိယ-Tekiya များဟာ အဲဒို ခေတ် ကာလ မှာ အနိမ်ကျဆုံး လူ့အဖွဲ့အစည်း အဖြစ် သတ်မှတ်ခံ ခဲ့ ရ ပါတယ် ။ ရှီတို-Shito Festival ပွဲတော်များ အတွင်း သူတို့တွေဟာ မြင်းဇာင်းများ ကို ထိန်းသိမ်း တာ ဝန်ယူ ကြ ရတဲ့ သူတွေ ဖြစ် ပြီး ၊ ပွဲတော် ကာလ အတွင်း ကုန်စည် ရောင်းဝယ် ချိန် မြင်းဇောင်းများ နှင့် ကုန်စည်များ ကို စောင့်ကြပ် ထိန်းသိမ်း ရန် အတွက် သူတို့ ကို ငှားရန်း ကြ ရပါတယ် ။
နောက်ဆုံး မှာ အဲဒိုး အစိုးရ က “ တက်ခိယ ” များကို တရားဝင် အဖွဲ့အစည်း အဖြစ် အသိအမှတ် ပြုပေး ခဲ့ပြီး “ အိုရာဘွန်း ” ( Oyabun ) ခေါ် ခေါင်းဆောင် များကို လဲ ရွေးချယ် ခန့် အပ်ပေးခဲ့ သလို “ ခါ့တနာ့-Katana ” ဓါးများ ကိုလည်း ကိုင်ဆောင်ခွင့် ပြုခဲ့ပါတယ် ။
ထိုခေတ် အခါက “ ခါ့တနာ့” ဓါး ကို ကိုင်ဆောင်ခွင့်ရှိသူ ဟာ ဆာမူရိုင်းများ နှင့် ဂုဏ်သရေ ရှိသူများ သာ ကိုင်ဆောင်ခွင့် ရခဲ့ ကြတာပါ ။ ဒါဟာ “ တက်ခိယ ”များ အတွက်တော့ နေရာ အဆင့်တစ်ခု သို့ ရောက်ရှိ တက်လှမ်းလာနိုင် ခြင်းပါဘဲ ။
ဘာခုဒို-Bakuto များဟာ ကုန်သည် အသိုင်းအဝိုင်း ထက် များစွာ အဆင့် နိမ့်ကျ တဲ့ တရားမဝင် လောင်းကစား ပြုလုပ်သော အသိုင်းအဝိုင်း တစ်ခုသာ ဖြစ်ပါတယ် ။ အများစု ဟာ သေးငယ်တဲ့ လောင်းကစားရုံများ ကို မြို့အစွန်၊ ရွာအစွန် မှာ ရှိတဲ့ ဘုရားကျောင်း ပျက်များ ၊ စေတီပျက်များ စသော နေရာများ တွင် တည်ထောင် ကြတယ် ။ အဆိုပါ လောင်းကစားရုံ အများစု ဟာလဲ ငွေတိုး ချေးခြင်း လုပ်ငန်းများကို ပူးတွဲ လုပ်ကိုင် ကြပါတယ် ။
အခြား အဲဒို-Edo အသိုင်းအဝိုင်းများ က မနှစ်သက်ဖွယ် အမြင်များ ရှိသော် လဲ “ ဘာခုဒို ”တို့ သည် သူတို့ လောင်းကစားရုံ ရှိရာ နေရာမျာကို “ ဘာခုဒို ”ရပ်ကွက် များ ဆိုပြီး သတ်မှတ် ခေါ်ဆိုကြတယ် ။ ထို သို့ အခြေအနေ ပုံရိပ်တစ်ခု အောက်မှာ့ ပင် ရှိလင့် သော်ငြား“ ဘာခုဒို ” များ ဟာ ယာကူဇာ အဖွဲ့ အစည်း ကို တည်ထောင်ခဲ့ ကြ ပါတယ် ။ ယာကူဇာ ဆိုသော အမည်နာမ တစ်ခုဟာလဲ ရိုးရာ ဂျပန်ဖဲ ကစား နည်း “ အိုချို ခဘု-Oichokabu ” ကနေ ဆင်းသက်လာ တာပါ။
ယာကူဇာ ဆိုတာဟာ အမှန်တော့ နံပါတ် 893 ကိန်းဂဏန်းများ သာ ဖြစ်ပါတယ် ။
“ Ya - ရှစ်”.. “ Ku - ကိုး ”.. “ Za - သုံး ”
“ အိုချို ခဘု ” ဟာ “ ဘလက် ဂျက်-Black Jack ” ကစားနည်း နဲ့လည်းဆင်တူ ပြီး ကစား သူဟာ ပေါင်းခြင်း 19 ရရှိ လျှင် အားလုံး ကို အနိုင် ရ ရှိပါတယ် ။ ဒါပေမဲ့ ဖဲကတ် ဝေရာမှာ ပေါင်းခြင်း 20 ရရှိ ပါမူ ကိန်းဂဏန်း မြင့်သော်လဲ တန်ဖိုး မဲ့ သွားစေ ပါတယ် ။
“ အဲဒို ” အလယ်ခေတ် ကာလ စီးပွားရေး အခြေအနေ များဟာ ကုန်သည်များ ရဲ့ ကြီးစိုး ချယ်လယ် မှု့များ ၊ ဖွင့်ဖြိုး တိုးတက်လာသော ယာကူဇာ အုပ်စု များ က ပြစ်မှု့ငယ်များ ကို ကျူးလွန် ခြင်းများ နဲ့ ရင်ဆိုင်ခဲ့ရ ပါတယ် ။
.နိုင်ငံ အတွင်း ကုန်ပစ္စည်း အတုများ ၊ အရည်အသွေး ညံဖြင်း သော ကုန်ပစ္စည်းများ ၊ တရားမဝင် ကုန်ပစ္စည်းများ ကို မတန်တဆ ဈေးနှုန်းများ နှင့် ရောင်းခြနိုင်ဖို့ ရာ ကုန်သည် လူတန်းစား တစ်ချို့ဟာ ပြစ်မူ့ငယ်များ ကျူးလွန်တတ်သော ယာကူဇာများ နဲ့ ပေါင်းခြင်း ၊ ယာကူဇာ အုပ်စုများ ကို သီသန့် တည်ထောင်ခြင်းများ ပြုလုပ်လာခဲ့ကြ ပါတော့တယ် ။
ယနေ့ခေတ် ဥပမာ အားဖြင့် တရားမဝင် လောင်းကစား လုပ်ငန်း မှာ့ အဓိက ဝင်ငွေ ရနေ သော အဖွဲ့ များ ဟာ သူတို့ ကို သူတို့ “ ဘာခုဒို ” လို့ သတ်မှတ် ပြောဆိုကြ ပါတယ် ။
ယာကူဇာ အဖွဲ့များ ဟာ ပုံစံ မျိုးစုံ ကွဲပြားနေစေကာ မူ အဖွဲတစ်ခု ဟာ အခြားသော အုပ်စု တစ်ခုခု နှင့် ပေါင်းစပ်ခြင်းကို ပြုလုပ်လေ့ ရှိပါတယ် ။ ယာကူဇာ များ၏ မူလ အရင်းအမြစ် ပုံစံ များကို “ တက်ခိယ ” သို့မဟုတ် “ ဘာခုဒို ” ရိုးရာဓလေ့ များ ပေါင်းစပ်ခြင်း ပုံစံသွင်း အခမ်းအနား များတွင် ဒီနေ့ ထိ တွေမြင်နိုင်ပါတယ် ။
.....................................................................................
• အိုရာဘွန်း-ခိုဘွန်း ပုံစံ ဖွဲ့စည်း လုပ်ကိုင်ခြင်းများ •
ယာကူဇာ ဖွဲ့စည်းပုံ များ ဟာ ဆိုလျှင် ဂျပန် ရိုးရာ အစဉ်အလာ ကြီးစဉ်ငယ်လိုက် တည်ဆောက်ပုံ စနစ် အိုရာဘွန်း-ခိုဘွန်း Oyabun Kobun ကို အခြေခံပြီး ဖွဲ့စည်း ထားပါတယ် ။
ခိုဘွန်း ( စောင့်ရှောက်ထား သော ခလေး ) ဟာ သူ့ကို ကြွေးမွေး စောင့်လျှောက် ထားသော အိုရာဘွန်း ခေါ် ခေါင်းကိုင် ဖခင် ထံ သစ္စာခံပြီး အလုပ်အကြွေးပြုရန်
တာဝန် ရှိသည် မှတ်ယူ ရ ပါတယ် ။ သစ္စာရှိမှု့နဲ့ လေးစားမှု့ သက်တမ်းကာလ ကို ဂျင်ဂီ ( တရားမျှတမှု့ နဲ့ တာဝန် ) ကာလ လို့ သတ်မှတ်ခဲ့ ကြပါတယ် ။
အိုရာဘွန်-ခိုဘွန် ဆက်ဆံရေးဟာ ဆိုရင် ရိုးရာ အခမ်းအနား တွင် အရက်ခွက် တစ်ခုထဲမှာ့ ဆာကေး အရက် မျှဝေ ပုံ ကို ဖော်ကြူး ထားခြင်း ဖြစ် ပါတယ် ။ ဒီရိုးရာ ဓလေ့ ဟာ ဆိုရင် ယာကူဇာ တွေ ဆီက ပေါ်ပေါက် လာတာ တော့ မဟုတ် ပါဘူး ။ ဒီ ဓလေ့ ဟာ အများအားဖြင့် ဂျပန် ရိုးရာ ရှင်တို မင်္ဂလာဆောင် အခမ်းအနား များ နဲ့ ညီရင်းအကို ဆက်ဆံရေး အတွက် ကျမ်းသစ္စာ ကျိမ်ဆို ပွဲ များ မှာ့ တဆင့် ပေါ်ပေါက် လာခြင်း သာ ဖြစ်ပါတယ် ။
ယခုခေတ် ယာကူဇာများ အဖြစ် လေလွင့် လူငယ်များ ၊ အလယ်တန်း နှင့် အထက်တန်း ကျောင်းများ မှာ့ နိမ်ကြသော စီးပွားရေး လူမှု့ရေး အခြေခံများ ရှိသော ကျောင်းသား များ ဟာ ဘိုဆို ဇိုကူ-Bosozoku ဂိုဏ်း အဖွဲ့ဝင်များ က တစ်ဆင့် ပေါ်ထွက် လာခဲ့ပါတယ် ။ ယာကူဇာ အဖွဲဝင် အများအပြား ဟာ ဘာယာ ကူမင်-Burakumin နဲ့ ကိုရီးယား နောက်ခံ လူမျိုးစုများ ကနေ လဲ ပေါက်ဖွား လာ ကြ ပါတယ် ။
ယာကူဇာ အုပ်စုများ မှာ အိုယာဘွန်း သို့မဟုတ် ကူမိချို - Kumicho တစ်ဦး က ခေါင်းဆောင် ပါတယ် ။ ထို သူတို့ မှာ့ တဆင့် လက်အောက် ခံ ခိုဘွန် အဆင့်ဆင့် ကို အမိန့်ပေးလေ့ ရှိပါတယ် ။ ယာကူဇာ အဖွဲ့ဝင် များ ဟာ သူတို့ ရဲ့ ကိုယ်ပိုင် မိသားစု သံယောဇဉ် ကို ဖြတ်တောက် ပြီး ဂိုဏ်းအဖွဲ့ ကို သစ္စာခံခြင်း ဖြင့် အဖွဲ့ ဝင်ကြ ပါတယ် ။ ထိုနောက် သူတို့ အဖွဲ့ ထဲက အဖွဲဝင် အချင်းချင်း ကိုသာ ဖခင် ၊ အကို ၊ ညီ အဖြစ် သတ်မှတ် ကြ ပါတယ် ။
ယာကူဇာ အဖွဲ့ များတွင် အမျိုးသားများ သာ အများစု ဖြစ်ပြီး အမျိုးသမီးပါ ဝင်မှု့ က အလွန် နည်းပါး ပါတယ် ။ အဖွဲ့ဝင် အမျိုးသမီးများ ကိုတော့ အနီဆန်-Ane-San ( အမကြီး ) လို့ ခေါ် ကြ ပါတယ် ။
1980 ခုနှစ် တတိယမြောက် ယာမာဂူချီ ဂိုဏ်းခေါင်းဆောင် ကာဇူအို တာအိုက-Kazuo Taoka ကွယ်လွန်စဉ် က သူ့ မိန်းမ ဖူမိကို-Fumiko ဟာ ဂိုဏ်းခေါင်းဆောင် အနီဆန် အဖြစ် ခေတ္တာ့ခဏ ဂိုဏ်း ကို ထိမ်းကြောင်းခဲ့ ပါတယ် ။
ယာကူဇာ အဖွဲ့များ ဖွဲ့စည်း ပုံမှာ အလွန်ရှုပ်ထွေး ပါတယ် ။ အဖွဲ့ တွင် အရာအားလုံး ကို ထိန်းချုပ် နိုင် သော ခေါင်းဆောင် ကူမိချို ( Boss ) နှင့် လက်ထောက် အကြံပေး ပုဂ္ဂိုလ် အဖြစ် စိုင်ကို ခိုမို-Saiko Komo ( Senior Adviser ) ထိုနောက် ဌာနချုပ် အကြီးအကဲ ဆိုဟွန် ဘူချို-So Honbucho ( Headquarters Chief ) ဟူ၍ အဓိက ရှိပါတယ် ။
အထက် မှာ့ ပေးလာ သော အမိန့် များကို အောက်ခြေ သို့ တဆင့် ညွန့်ကြား ရသူ ကို ဝါက ဂရှိယ-Waka Gashia လို့ ခေါ်ပါတယ် ။ ဒါအပြင် သူ က ဖူကု ဟွန်ဘူချို-Fuku Honbucho ခေါ် သက်ဆိုင် ရာ နယ်ပယ် တစ်ခု မှာ့ ဂိုဏ်း အဖွဲ့ များ ရဲ့တာဝန်ခံ နဲ့ အတူတကွ ကူညီ အုပ်ချုပ် ရပါတယ် ။ ဒေသခံ ဂိုဏ်း တစ်ခု စီ မှာလဲ သူတို့ ကို အုပ်ချုပ် တဲ့ အထက် အရာ ရှိ တစ်ယောက်စီ ရှိပြီး သူ့ကို ရှာတီ ဂါရှီယာ-Shatei Gashira လို့ ခေါ် ပါတယ် ။
အဖွဲ့ဝင် တယောက်ချင်းစီဟာ ဆာကာ ဇူကီ - ကြီးစဉ်ငယ်လိုက် ( Sake Sharing ) နည်းအတိုင်း ရာထူး အဆင့်ဆင့် အလိုက် ဆက်သွယ် ရပါတယ် ။ ကူမိချို ဟာ ထိပ်ဆုံး က ဖြစ်ပြီး များစွာသော စိုင်ကွန် ခိုမွန် များကို ထိန်းချုပ် ရ ပါတယ် ။
စိုင်ကွန် ခိုမွန် ကလည်း သူ့ တာဝန် ယူရသော ကွဲပြား ခြားနားသော မြို့တွေ ဧရိယာတွေ က လက်အောက်ခံတွေ ကို ထိန်းချုပ်ရ ပါတယ် ။ စိုင်ကွန် ခိုမွန် မှာ လဲ သူတို့ရဲ့ နယ်ခံ ကိုယ်ပိုင် အကြံပေး ၊ စာရင်းကိုင် ၊ ဘက်တော်သားများ ဆိုပြီး ရှိကြ ပါသေးတယ် ။
ယာမာကူချီ ဂိုဏ်း ဟာ ဆိုရင် လုပ်ငန်းစုပေါင်း 2500 ကို ထိန်းချုပ် ထားပြီး ယာကူဇာ အုပ်စု ပေါင်း 500 ပါဝင် ပါတယ် ။ လက်အောက်ခံ ရာထူး အဆင့်ပေါင်း က လည်း 50 ထိ ရှိတယ်။
.....................................................................................
• ယူဘစ် ဆုမိ နှင့် အိရ ဇုမိ - ရိုးရာ ဓလေ့များ •
ယူဘစ် ဆုမိ Yubitsume - လက်ချောင်း တစ်ချောင်း ဖြတ်တောက် အပြစ်ခံယူခြင်း
ဒီ ဓလေ့ ဟာ အမှားလုပ်မိခြင်း အတွက် တောင်းပန် ရတဲ့ ပုံစံ ဖြစ်ပါတယ် ။ ကနဦး ပြစ်မှု့ ကျူးလွန်သူ သည် သူ၏ လက်ဝဲ ဘက် လက်သန်း ထိပ် ပိုင်းကို ဖြတ်တောက် ၍ သူ ၏ အပြစ် အတွက် ခေါင်းဆောင် ကို ပေးစပ်ရ ပါတယ် ။
တခါတရံ လက်အောက်ခံ ခေါင်ဆောင်များ မှာ့လဲ သူ တာဝန်ယူထားသော အဖွဲ့မှာ့ အဖွဲ့ဝင် တစ်ယောက် အပြစ် ကျူးလွန် မှု့ ကို မတားစီးနိုင်ပါ က သူ တွင်လည်း အပြစ်ရှိပြီး သူ တာဝန်ယူရသော အဖွဲ့ မှာ ပြန်လည် တာဝန်ထမ်းဆောင် လိုပါက အိုရာဘွန် များ ထံ ထိုသို့ ယူဘစ် ဆုမိ အပြစ်ဒဏ် ကို ခံယူရ ပါတယ် ။
ယူဘစ် ဆုမိ ရိုးရာ ဓလေ့ ဟာ ဂျပန် ဓါးရှည် ကိုင်ဆောင်ခြင်း ဆိုသော အစဉ်အလာ ဇစ်မြစ် တစ်ခု မှာ့ ပေါ်ထွက် လာ ပါတယ် ။
လက်တစုံ မှာ့ လက်ချောင်းများ ရဲ့ အောက်ဆုံး လက်သန်း ဟာ ဓါးကို တင်းကြပ်စွာ ဆုပ်ကိုင် ဖို့ အတွက် အဓိက ကျ ပါတယ် ။ လက်ညှိုး နှင့် လက်သန်း ဟာ အနည်းငယ် အားလျှော့ နေလျှင် သို့မဟုတ် ထို လက်ချောင်း များ မရှိ ပါက ဓါးကို တင်းကျပ်စွာ ဆုပ်ကိုင် နိုင်အား ကိုလည်း လျှော့နည်း စေတယ် လို့ ဆိုပါတယ် ။
ဒါဟာ ဘာကို ဆိုလို လည်း ဆိုရင် အဖွဲ့အစည်းတစ်ခု ကို အကာကွယ် ပေးဖို့ အတွက် လူတစ်ယောက် ရဲ့ ဓါး ကို တင်းကြပ်စွာ ဆုပ်ကိုင် နိုင်စွမ်းအားပေါ် များစွာ မူတည် နေတယ် လို့ ဆို ပါတယ် ။ တစ်ဦးတစ်ယောက်စီ ရဲ့ လျှော့ရဲသော အပြုအမူကြောင့် အဖွဲ့အစည်း တစ်ခုလုံးဟာ များစွာ အားနည်းချက် ဖြစ်ပေါ်စေတယ် လို့ ဆိုပါတယ်။
ယာကူဇာ များဟာ ခန္ဒာကိုယ် အပြည့် ဆေးမင်ထိုး ကြပါတယ် ။ ထို ဆေးမင်ထိုးခြင်း ကို ဂျပန် တွင် အိရ ဇူ့မိ-Irezume လို့ လူသိများ ပါတယ် ။
ယာကူဇာ အဖွဲ့ ဝင် အချင်းချင်း အိုအိချို ကာဘူ-Oicho Kabu ကတ် ကစား သော အခါ တွင် မကြာခဏ ဆို သူတို့ ရဲ့ ရှပ်အကျီ များကို ဖယ်ရှားခြင်း ချွတ်ထားခြင်း ဖြင့် သူတို့ ရဲ့ ဆေးမင်များ ကို အချင်းချင်း ဖော်ပြလေ့ ရှိပြီး ။ ပုံမှန် အားဖြင့် တော့ လူအများကြား တွင် အကျီလက်ရှည် များ ဖြင့် ဖုံးကွယ် ထား တတ် ကြ ပါတယ် ။
အဖွဲဝင် သစ် တစ်ယောက် အဖြစ် စတင် ဝင်ရောက် တဲ့ အခါ မှာတော့ အဖွဲ ဝင်ဖြစ်ဖို့ ခန္ဒာကိုယ် အောက်ပိုင်း ကို စတင်ပြီး ဆေးမင်ထိုး ရပါတယ် ။
.....................................................................................
• အဓိက ယာကူဇာ အဖွဲ့ အစည်းကြီးများ •
ပုံစံ မတူသော ယာကူဇာ ဂိုဏ်းများစွာ ရှိသော်လည်း အဓိက အားဖြင့် သူတို့ဟာ ကမ္ဘာ့ ရာဇဝတ် ဂိုဏ်းများ သာဖြစ် သည် ။ ယာကူဇာ ဂိုဏ်များထဲ မှာ့ သြဇာ အဏာ အရှိဆုံး ဂိုဏ်း သုံး ခု ရှိ ပါတယ်
1. ယာမာ ဂူချီ ဂူမိ - Yamaguchi gumi
2. ဆူမိ ယိုရှီ ကိုင် - Sumiyoshi kai
3. အီန ဂဝါ ကိုင် - Inagawa kai တို့ဖြစ် ပါသည် ။
ယာမာ ဂူချီ ဂူမိ - Yamaguchi gumi
ယာမာ ဂူချီ ဂိုဏ်း ဟာ ယာကူဇာ မိသားစု ထဲမှာ အကြီးဆုံး အဖွဲ့အစည်း ဖြစ်ပါတယ် ။ အဖွဲ့ဝင် အင်အား 55,000 ကျော် အဖွဲ့ခွဲ 850 ရှိပြီး ဂျပန် အခြေစိုက် ယာဂူဇာ အားလုံး ရဲ့ 50% ကျော် ရှိ ပါတယ် ။ ရဲ တပ်ဖွဲ့များ က ဆယ်စု နှစ် တစ်ခု ကျော် ကြာ ထိန်းချုပ် နှိမ်နင်း စေကာမူ ယာမာ ဂူချီ အဖွဲ့ ဝင် အင်အား ဟာ ဆက်လက် တိုးပွား နေပါတယ် ။ သူတို့ ဌာနချုပ် ဟာ ကိုဘေး-Kobe မြို့တွင် တည်ရှိပြီး ထို မှာ့ တဆင့် တိုက်ရိုက် ဂျပန် နိုင်ငံ အတွင်း က ရာဇဝတ်မှု့များ ကို ညွှန့်ကြား ပါတယ် ။ အာရှ နှင့် အမေရိက အော်ပရေး ရှင်းများ ကိုလည်း ကိုင်တွယ်ပါတယ် ။
ရှင်နိုဘူ တဲဆူကာစ-Shinobu Tsukasa ( ကန်နိချီ ရှီနိုဒါ ) ဟာ လက်ရှိ ယာမာဂူချီ ဂိုဏ်းချုပ် အိုယာဘွန် တစ်ယောက် ဖြစ်ပြီး သူဟာ နယ်သစ် ချဲ့ထွင်ခြင်းများ ၊ တိုကျို မြို့ တွင်း က လုပ်ငန်း ကိစ္စများ ကို ပိုမို ကြယ်ပြန့် အောင် လုပ်ဆောင် ခဲ့ပါတယ် ။
ဂျပန် နိုင်ငံ ပြင်ပ အာရှ အစိတ်အပိုင်း တော်တော် များများ မှာ့ ဂျပန် ရာဇဝတ် အဖွဲ့များ နှင့် အတူ ယာမာ ဂူချီ ဂိုဏ်း ဟာ လဲ ပြောစမှတ် ပြုရလောက် အောင် ကျော်ကြား ပါတယ် ။ ဂျပန်နိုင်ငံ ပြင်ပ တရုတ် ၊ ကိုရီးယား လူတစ်ချို့ ဟာ ယာကူဇာ ဆိုသော နာမည် ကို မသိ စေကာမူ ယာမာ ဂူချီ ဂိုဏ်း ကိုတော့ သိရှိကြ ပါတယ် ။ ယာမာ ဂူချီ ဂိုဏ်း ကို နောက်ခံထား ဇတ်အိမ်ဖွဲ့ပြီး ဂိုဏ်းစတား ရုပ်ရှင် အများ အပြားကိုလည်း ကမ္ဘာ့အနှံ အပြား က ရိုက်ကူး ခဲ့ ကြတယ်။
• ဆူမိ ယိုရှီ ကိုင် - Sumiyoshi kai •
ဆူမိ ယိုရှီ ကိုင် ဂိုဏ်းဟာ ဒုတိယ အကြီးဆုံး အဖွဲ့အစည်း ဖြစ်ပြီး အဖွဲ့ဝင် အင်အား 22,000 ကျော် အဖွဲ့ခွဲ 227 ဖွဲ့ ရှိပါတယ် ။ ဆူမိ ယိုရှီ ဂိုဏ်း ဟာ ဆိုလျှင် သေးငယ် သော ယာဂူဇာ အဖွဲ့လေးများကို မဟာမိတ် ဖွဲ့ထား ပါတယ် ။
လက်ရှိ ဆူမိ ယိုရှီ ဂိုဏ်း ခေါင်းဆောင် အိုရာဘွန်း ကတော့ အစ်စဲအို စစ်ကိ-Isao Seki ဖြစ်ပါတယ် ။
ဂိုဏ်းရဲ့ ဖွဲ့စည်း တည်ဆောက်ပုံ ဟာ သူ့၏ အဓိက ပြိုင်ဘက် ဂိုဏ်းများ ( ယာမာ ဂူချီ ) နဲ့ ကွဲပြား ခြားနား ပြီး လုပ်ငန်း တာဝန် များ ကို ဗဟို ချုပ်ကိုင်မှု့ နှင့် အတူ သီးခြား နယ်ပယ် များကိုလည်း ကိုယ်ပိုင် အာဏာ ခွဲဝေ ကန့်သတ် ပေးခြင်းစနစ် ( Federation ) ဖြင့် အုပ်ချုပ်ပါတယ် ။ အထက် မှာ့ အာဏာချုပ်ကိုင်မှု့ စနစ် ကို ပို၍ ဖြေလျှော့ ပေးထား ပါတယ် ။
ရှိဂဲရော နိချိဂုချီ ( Shigeo Nishiguchi ) ဟာ အဏာ အပြည့်အဝ ရှိသော ထာဝရ အိုယာဘွန်း တစ်ယောက် ဖြစ်ခဲ့စေကာမူ သူ၏ ခေါင်းဆောင် မူ့ပုံစံ ကို အလုံးစုံ မချုပ်ကိုင်ဘဲ အခြားအဖွဲ့ဝင်များ ထံ ဖြန့်ကျက် ခွဲဝေ ပေးထား ခဲ့ပါတယ် ။
• အီန ဂဝါ ကိုင် - Inagawa kai •
အီန ဂဝါ ကိုင် ဂိုဏ်း ဟာ ဂျပန် မှာ တတိယ မြောက် အကြီးဆုံး ဂိုဏ်း တစ်ခု ဖြစ်ပြီး အဖွဲ့ဝင် အင်အား 15,000 နဲ့ အဖွဲ့ခွဲ 313 ဖွဲ့ ရှိ ပါတယ် ။ အီန ဂဝါ ဂိုဏ်း ဟာ တိုကျို-ယိုကိုဟားမား ဧရိယာ မှာ အခြေစိုက် ပါတယ် ။ အီန ဂဝါ ဂိုဏ်း ဟာ ဆိုရင် ဂျပန် နိုင်ငံ ပြင်ပ အော်ပရေးရှင်း များကို ပထမ ဦးဆုံး ဖြန့်ကျက် လုပ်ဆောင် ခဲ့သော အဖွဲ့ တစ်ခု အဖြစ် မှတ်တမ်းဝင် ခဲ့ပါတယ် ။
လက်ရှိ ခေါင်းဆောင် အိုယာဘွန်း ကတော့ ကိယိုတ ဂျီရို့ ( Kiyota Jiro ) ဖြစ်ပါတယ် ။
.....................................................................................
ယာကူဇာ ဆဲလ်များ ဟာ အဘယ်အတွက် ကြောင့် ဂျပန် နိုင်ငံ တွင် အမြစ်တွယ်နေဆဲ ဖြစ်သလဲ ဆိုရင် တချို့သော ဂျပန့် လူ့အဖွဲအစည်းများ ဟာ ယာကူဇာများ ကို ယနေ့ထိ တိုင်အောင် လက်သင့်ခံ နေဆဲ ကြောင့် သာ ဖြစ်ပါတယ် ။
ဘာကြောင့်ဆို ဒုတိယ ကမ္ဘာစစ်ကြီး ပြီးတော့ ဂျပန် လူ့ အဖွဲ့အစည်းများ ဟာ ပရမ်းပတာ ဖြစ်ခဲ့ကြ ရပါတယ် ။ နေ့စဉ် နေ့တိုင်း လမ်းများပေါ် တွင် အကြမ်းဖက် လူသတ်မှု့များ မှောင်ခို ဈေးကွက်များ ဟာ ထို အချိန် က မြင်မကောင်းအောင် များစွာ ဖြစ်ပျက် ခဲ့ပါတယ် ။
စစ်ရှုံးချိန် မှာ ရဲတပ် ဖွဲ့ များ ဟာ ဂျပန် ပြည်သူလူထု ကို ကူညီ ကာကွယ် စောင့်ရှောက် ဖို့ အခွင့် အာဏာ နှင့် လုပ်ပိုင်ခွင့်များ လုံလောက် အောင် မရ ရှိ ခဲ့ကြပါဘူး ။
ဒါကြောင့် ရဲ တပ်ဖွဲ့ ဝင်များ ဟာ လူတစ်ဦး ချင်း အကြမ်းဖက် ၍ ကြီးနိုင် ငယ်ညှင်း သတ်ဖြတ် နေသော ထိုအချိန် များတွင် တိုင်ပြည် လုံခြုံရေး အတွက် ၊ ဂျပန်ပြည်သူများ လုံခြုံရေးအတွက် အတူ တကွ ပါဝင် ထိမ်းသိမ်း ပေးရန် ယာကူဇာ များ ကို တောင်းဆို မှု့များရှိခဲတယ် လို့ ဆိုပါတယ် ။
ယာကူဇာများ ကလဲ ဂျင်ဂျီ ( တရာမျှ တမှု့ နဲ့ တာဝန် ဝတ္တရား ) ကို လေးစားသော အားဖြင့် ပူပေါင်း ပါဝင် ဖို့ ကတိ ပေး ခဲ့တယ် လို့ ဆိုပါတယ် ။ ထို အဖြစ်အပျက်များဟာ အထူးသဖြင့် ကန်ဆိုင် ဧရိယာ-Kansai Aera ( အိုဆာကာ နှင့် ပတ်ဝန်းကျင် ) တွင် ပေါ်ပေါက် ခဲ့ တယ် လို့ အဆိုရှိ ခဲ့ ပါတော့တယ် ။
.....................................................................................
®
ဗေဒါ
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
အတိတ်ကပုံရိပ်များ………{အပိုင်း၃၇}
®
ဂျပန်ကပြန်လာကြတော့ mr.လု အတော်လေးပေါ့ပါးလန်းဆန်းနေပါတော့တယ် ဗေဒါ ဂျပန်သွားခြင်း ကိစ္စာ သေချာမသိပါ ဗေဒါကတော့ ဂျပန်ပြည်အကြောင်းလေ့လာခွင့်ရခဲ့၏ ပြန်လာပြီနောက်ပိုင်း ဗေဒါကို ခြံကိစ္စာတစ်ချို့ ခိုင်းပါတယ် အမှုအခင်းဖြစ်တဲ့ ခြံ အမွေဆိုင်ခြံတွေအများစုကို သီးသန့် လိုက်ဝယ်ခိုင်းပါတယ် ဗေဒါ ခြံဝယ်ဖို့ လိုက်လေ့လာပါတော့တယ် အမှုအခင်းဖြစ်တဲ့ခြံ အမွေဆိုင်ခြံ ဆိုတော့ ကာလပေါက်ဈေးထက် သက်သာမယ်သဘောပေါ့ mr.လု က အကျိုးအမြတ်ရဖို့  ခေါင်းရှုပ်ခံမည်လူစား ရှုပ်ရင်
် လိုက်ရှင်းထုတ်မယ် ဗေဒါတို့ လိုလူတွေ ကအဆင့်သင့်ရှိနေတာကို အဲတော့ mr.လု ရဲတင်းတာ မဆန်းပေ ဗေဒါ အမှုဖြစ်နေဆဲခြံ ကာလာပေါက်ဈေး ထက်ဝက်ခန့် ဖြစ် ခြောက်ခြံတိတိဝယ်ခဲ့တယ် အမွေဆိုင်ခြံ သုံးခြံဝယ်ခဲ့တယ်
အမှုအခင်းဖြစ်တဲ့ခြံ ခြောက်ခြံက ပြည်လမ်းမပေါ်နှင့် အင်းစိန်လမ်းမပေါ်တွေကြီးပါပဲ
အမွေဆိုင်ခြံ သုံးခြံက ရွှေတောင်ကြား ပါရမီ ဆရာစံ ဘက်က သုံးခြံပါ
အဲခြံတွေအတွက် ရှေ့ နေ့ အဖွဲ့ ကောင်းကောင်းငှားခဲ့ပြီ ဗေဒါ ရုံးခန်း သီးသန့် ဖွင့်ပြီး လှုပ်ရှားခဲ့ပါတယ် ပိုင်ရှင်အစစ်မှန်ကိုတော့ ဗေဒါလို့ ပဲ ထိုအချိန်ကအတူလှုပ်ရှားခဲ့သူတွေက ထင်မှတ်ကြမှာပါ နောက်ကွယ်ကmr.လုကတော့ ခြံတောင်တစ်ခါမှာ လာကြည့်ခြင်းမရှိခဲ့ပါ
ခြံစောင့်ကမှအစ အမည်ပေါက်အထိ ဗေဒါပဲလှုပ်ရှားခဲ့တာပါ ဌာနာဆိုင်ရာတွေရဲ့  သပိတ်ဝင် အိတ်ဝင်ကူညီမှုကတော့ ပြိင်စံရှားပါ
ပြည်လမ်းမပေါ်ကခြောက်မိုင်ခွဲ နားက ခြံမှာတော့ ဗေဒါ ရှုံးမလိုထိဖြစ်ပြီးမှာ အပြီးသတ်နှိင်ခဲ့တာပါ အဲခြံမှာ တစ်ဘက်ကယဉ်ဝင်းသူ ပါဝင်နေပါတယ် ယဉ်ဝင်းသူဆိုတာ နန္ဒာအေးရဲ့ ပတ်သက်ပါယဉ်ဝင်းသူကလည်း အ်တ်သွန်ဖာမှောက်တစ်ဖက်ကလိုက်သော်လည်း ရေများသူနှိင်စတမ်း ခောတ်ကြီးတွင် ဦးသူအနှိင်ရမည်သာဖြစ်သည် ယဉ်ဝင်းသူက မြန်မာနှိင်ငံနည်းပညာခောတ်ကိုဦးဆောင်ခဲ့သူတစ်ဦးဖြစ်ပါတယ် နန္ဒာအေးနဲ့ စပ်တူ လုပ်ငန်းများစွာလုပ်ကိုင်နေတာပါ ကျောင်းတွေကို ကွန်ပြုတာသွင်းခွင့်ရခဲ့သူတစ်ဦးပါ ဒုချုပ် ဦးမောင်အေးသမီး နှင့်ပတ်သက်နေသဖြင့် စီးပွားရေးအခွင့်အလမ်းများစွာရရှိနေသူဖြစ်ပြီး နန္ဒာအေးလက်ထက်သွားတော့ ပြည်အောင်က ယဉ်ဝင်းသူနှင့် လုံးဝမပတ်သက်ခိုင်းဘူးလို့  အတွင်းသတင်းတွေရှိခဲ့ပါတယ် ယဉ်ဝင်းသူ ပိုင်ကုမဏ္ဍီက CNG ဓါတ်ငွေ့ ရည် စီမံကိန်းကိုလည်း လုပ်ကိုင်ခွင့်ရရှိခဲ့ပါတယ် ယဉ်ဝင်းသူက စင်္ကာပူမှာပဲအနေများပါတယ် စီးပွားရေးသမားများထဲမှာ အသံမထွက်ပဲ အချမ်းသာဆုံးဖြစ်နေသူတစ်ယောက်ပါ အဲအချိန်က အချမ်းသာဆုံးပါဆိုတယ်လူတွေထက် ပိုချမ်းသာနေပါပြီ ယဉ်ဝင်းသူက ပါးနပ်တယ် လည်တယ် အသံမထွက်ပါဘူး ပြည်ပမှာနေပြီး ပြည်တွင်းကိုထိုးဖောက်နေသူပါ ထောက်လှမ်းရေးကျားစာဖြစ်ဖ်ု့ တစ်ပြေးခဲ့သူပါ နန္ဒာအေးအကန့် ကြောင့် ထောက်လှမ်းရေးမင်းသားတွေရန်ကငြိမ်းခဲ့တာပါ အဲကေစ့်မှာ ဗေဒါ ယဉ်ဝင်းသူထက်ခြေလှမ်းပေါင်းများစွာဦးခဲ့လို့ ပါ
အဲဒီခြံတွေ Clearဖြစ်ဖ်ု့  ဗေဒါ တစ်နှစ်နီးပါးအချိန်ပေးခဲ့ရပါတယ်
ခြံအားလုံး Clear ဖြစ်ပြီးဗေဒါလုပ်ငန်းပြီးမြောက်ခဲ့တော့ mr.လုလက်ကို စာရင်းရှင်းပြီ အပ်လိုက်ပါတယ် အဲ ခြံတွေ mr.လု ပစ်ထားပြီ သားသမီးတွေလက်ထက်မှာတော့ condo တွေ hotal တွေ ဆောက်ကြတာ အများကြီးပါ ဗေဒါတို့ ဝယ်ခဲ့တုန်းက ဈေးက တကယ်တန်ပါတယ်ဗိုက်နာနေတဲ့လူတွေဆိုတော့ ထိုးရောင်းခဲ့ကြတာပါ မျက်မှောက်ခောတ်ကာလပေါက်ဈေးကတော့ စင်္ကာပူမြေဈေးနှုန်းထက်တောင် မြင့်မားသွားပါပြီ ခောတ်ကာလကိုက ငွေရှိသူသာ ဆက်ချမ်းသာမယ့်ခောတ်ကြီးပါ သာမန်ပြည်သူကတော့ သာမန်တိုက်ခန်းတောင်ဝယ်ဖို့  မလွယ်ကူခဲ့ကြပါဘူး
ဗေဒါ ခြံဘက်လုပ်နေရင်း အမြင့်ကားတွေ ကားဈေးကွက်မှာလည်းmr.လု ယောက်ဖတစ်ယောက်နဲ့ ပေါင်းပြီ mr.လုတို့ အတွက်ဝင်ကစားပေးခဲ့တယ် mr.လု တို့ ရရှိထားတဲ့ကားပါမစ်က အများကြီးပါ အမြင့်ကားစိတ်ကြိုက်သွင်းခဲ့ကြပြီး ဈေးကွက်ကို အမြင့်ဆုံးထိဗေဒါ ဆွဲခေါ်ခဲ့ဖူးပါတယ် ဗေဒါ စလုပ်တုန်းက လန်ကရှုဆာတစ်စီး ၇၀၀ပါ နောကိပိုင်း ၃၀၀၀ ကျော်ထိဆွဲတင်ခဲ့ကြတာပါ ငွေပေါ်ငွေရင်း စီးပွားရေးလောကကြီးက ခောတ်ပျက်မှာ ကောင်းစားသူနှင့် ခွက်ဆွဲသူများစွာကို ဗေဒါ မျက်မြင်တွေ့ ခဲ့ရတော့ မြန်မာပြည် စီးပွားရေးက စစ်အစိုးရနှင့် သူပါတနာတစ်စုလက်ထဲမှာပဲ ရှိနေအောင် ဖန်တီးခဲ့ကြတာပါ
စစ်အစိုး၏စီးပွားရေးဦးတည်ချက်ကခေါင်းစဉ်လည်း မရှိ စီမံကိန်းလည်းမရှိ လုပ်ချင်လုပ် နီးရာပေး လက်သိပ်ထိုးစီမံကိန်းများကြားမှာ သာမန်လုပ်ရင်းကိုင်ရင်း ကြီးပွားချမ်းသာလာသူတွေကို ဗေဒါ ဦးညွှတ်ပါ၏ ခောတ်ပျက်ကြီးမှာ သာမန်လုပ်ရင်း ချမ်းသာဖ်ု့ က အတော်လေးကြိုးစားခဲ့ကြရတာပါ mr.လုလိုပဲ တစ်ဖက်မှာ လော်မိသားစုပိုင် ခြံမြေတွေက အများကြီးဖြစ်လာပါပြီ ဝင်ငွေအသွယ်သွယ်က အတော်လေး ကြီးထွားလာပါပြီ နဝတလက်ထက်ကနေ နအဖခောတ်အထိ အေရှားဝေါလ် တစ်နှစ်ဝင်ငွေဟာ နှစ်စဉ် ဆတိုးနေတာ ဒေါ်လာ သန်းချီပါတယ် သို့ သော် လော်မိသားစုရဲ့ ပင်မရင်းမြစ်ကြီးက ကြောက်စရာလန့် စရာ မြန်မာပြည်ရဲ့ ပင်မစီးပွားရေးကြီးဖြစ်လာပါတယ် အဲဒီအချက်ကိုတော့ မည်သူမျှ မသိအောင် အသိုဝှက်ဆုံး လှုပ်ရှားခဲ့ကြတာပါ
သမိုင်းမှာ ဘယ်သူ တာဝန် အရှိဆုံးလည်း ဆိုတာ ပေါ်လောက် ပါပြီ။ ဦးသန်းရွှေဦးဆောင်တဲ့စစ်အစိုးရဟာခေါင်းမရှိပဲလက်နက်အားက်ုးပြီတိုင်းပြည်ကိုအုပ်ချုပ်ခဲ့ကြတာပါ. ဦးသန်းရွှေ မဟုတ်တာ လုပ်ရင် လူသိပ်မသိပါဘူး သူ မဟုတ်တာ လုပ်တာ … သူက သီပေါမင်းနဲ့ စုဘုရားလတ် ပုံစံ တဘက်က ပွဲခင်းပြီး တဘက်က လူသတ်တဲ့ သူစားမို့ပါ… သူ လုပ်သွားတာ အားလုံးဟာ ဆန်းဆန်း ပြားပြား မပါပါဘူး… မြန်မာပြည်ကို အနှစ် ၄၀ လောက် ပိတ်ထားလဲ စောက်ဂရုမစိုက်ဘူးလို ကြွေးကြော်လို့ ရလောက်အောင် တိုင်းပြည်ကိုသစ္စာဖောက်ပြီး ဆွေစဉ်မျိုးဆက် ချမ်းသာအောင် သာကြိုးစားအားထုတ်သွားတာပါ ဘိန်းဘုရင်တွေကိုမြေတောင်မြှောက်ပေးပြီ မြန်မာကို ကမ္ဘာကပစ်ပယ်ခြင်း အထီးကျန်မှုပုံရိပ်ကိုပေးခဲ့တာပါ
မြန်မာစစ်ခေါင်းဆောင်များ ဘာကြောင့် မူးယစ်ဆေးဝါး မတိုက်ဖျက်သလဲ။
မြန်မာစစ်ခေါင်းဆောင်တွေဟာ မူးယစ်ဆေးဝါး စီးပွားရေးနဲ. အကျိုးအမြတ်မျှဝေ
မျှစားနေလို့ ပါပဲ။အာဖဂန်နစ္စတန်နိုင်ငံ
ပြီးရင်၊မြန်မာပြည်ဟာ ကမ္ဘာ.မူးယစ်ဆေးဝါး အများဆုံးထုတ်လုပ်တဲ့နိုင်ငံတစ်နိုင်
ငံဖြစ်လာသည်။ခုလို မူးယစ်ဆေးဝါး လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့်ရတဲ့
အကြောင်းက မြန်မာစစ်ခေါင်းဆောင်တွေကိုယ်တိုင် ပါဝင်နေတာကြောင့်ဖြစ်တယ်
The police officer's statement has additional uses, however. Smothered by the international chorus of praise over Myanmar's reform process is the government's role in abetting and profiting from the industry. Despite its claims to the contrary, Naypyidaw has done little to tackle the scourge, and the mutually beneficial relationship the former junta enjoyed with production and trafficking rackets continues into the quasi-democratic era.
ဗေဒါ အေရှားဝေါလ် ဆိပ်ကမ်းမှာ mr.လု တို့  ကိန်တိန်နာပုံးသွားထုတ်ပြီ ပြန်လာတဲ့တစ်နေ့  ရီရီသာ ဖုန်းဝငိလာပါတယ် ထောက်လှမ်းရေးအခြေအနေမကောင်းကြောင်း အခြေအနေအရှပ်ထွေးနေကြောင်းပြောလာပါတယ် ဗေဒါဘာကူညီပေးရမလဲမေးတော့ ဗိုလ်ချုပ်ကျော်ဝင်း က သူကို ပြည်ပနှ်ငိငံတစ်ခုသို့ သွားခိုင်းကြောင်း သူဖုန်းထဲမှာမပြောချင်၍ တစ်နေရာတွင်တွေ့ ရန်ချိန်းသဖြင့် ဗေဒါ က မိမိနေသော ကိုးမိုင်ခြံလိပ်စာပေးပြီချိန်းလိုက်၏ အဲခုနှစ်သည် ထောက်လှမ်းရေး၏ နောက်ဆုံးနေဝငိချိန်ဖြစ်လာမည်ကိုတော့ ဗေဒါ ကြိုတင်မရိပ်မိခဲ့ပါ ထင်လည်းမထင်ထားပေ
ကိုးမိုင်ခြံဗေဒါရောက်ပြီး နာရီဝက်ခန့် အကြာတွင် ရီရီသာ ရောက်လာပါတော့တယ် ဒေါ်လာ ကြီးကြီးမားမား ပြည်ပသို့ ထုတ်ပေးသော ဟွန်နီတစ်ခုကို ခိျတ်ပေးရန်ဆိုလာ၏ ဗေဒါလည်း ပွဲစားခပေးမည်ဆို၏ ထိုကိစ္စာကို သူအမည်မသုံးပဲ ဗေဒါ များပြားလှသော မိတ်ဆွေတစ်ဦးဦးအမည်ခံအသုံးပြုစေလိုကြောင်းပြောလာပါတော့တယ်ဗေဒါလည်းမငြင်းသာသဖြင့် mr.လုကို လှမ်းပြောချိတ်ဆက်လိုက်၏ mr.လု က ရလာတဲ့အခွင့်အရေးလက်လွတ်မခံပါ မြေနီကုန်းဦးဝိစာရလမ်းပေါ်က ခြံတစ်ခြံတွင် လွှဲမည်ဒေါ်လာများသွားပေးပြီ ငွေစစ်မှုအဆင်ပြေလျှင် တစ်နာရီအတွင်း လွှဲချင်သော နှိင်ငံသို့လွှဲပေးမည်ဟုဆိုသည် သ်ု့ သော် သူနာမည်မထွက်အောင် ဂရုစိုက်ဟုပြောတော့ ဗေဒါ ရယ်ချင်မိ၏ လွှဲမည့်သူကော လွှဲပေးမည့်သူကောက နာမည်မခံချင်သူများဖြစ်သည် ဗေဒါကတော့ အမြဲနာမည်ကြီးမည်ဇာတာပင်ဖြစ်ပေမည်
ရီရီသာ လွှဲမည်ဒေါ်လာအမောက်က ကြောက်စရာလန့် စရာပါ သူနှင့်အတူ ဗိုလ်ချုပ်ကျော်ဝင်း၏psoပါ ပါလာ၏
ဒေါ်လာအားလုံးပေါင်း ၇သန်းတိတိကို နှစ်ပတ်အတွင်းခွဲလွှဲသွားကြ၏လုပ်ငန်းပြီးမြောက်သွားပြီနောက် ဗေဒါအတွက် နှစ်ဖက်လုံးက အကျိုးအမြတ် ဒေါ်လာ တစ်သောင်း စီပေးခဲ့ကြ၏ ငွေလွှဲပြီးသိပ်မကြာခင်မှာပင် ရီရီသာ စင်္ကာပူနှိင်ငံသို့ ထွက်သွားတော့၏ ဗေဒါ စိတ်ထဲ ရီရီသာ အပြီးပိုင် ပြည်ပနှိင်ငံ နောက်တစ်ခုသို့ ဆက်ထွက်ခွာမည်ဟု ထင်ပါသည် ရီရီသာ ပြည်ပထွက်ပြီးသိပ်မကြာသော်ကာလမှာပဲ ထောက်လှမ်းရေးတွေ နန်းကျခဲ့ပါတယ်
ထောက်လှမ်းရေး တွေကို ဦးသန်းရွှေက လိုက် ဖမ်းတော့ နယ်စပ်က ထောက်လှမ်းရေးတွေ အိမ်မှာ ရွှေတွေ ပိသာ များစွာ ဖမ်းမိတယ်။ ဒေါ်လာတွေ မြောက်များစွာ နံရံမှာ မြုပ်ထားတယ်။ ထူးခြား တာက ထောက်လှမ်းရေး အရာရှိတွေရဲ့ ဘုရားစင် တွေမှာ ဘုရား မရှိဘဲ ခင်ညွန့် ဓါတ်ပုံကြီးသာ ရှိပါသတဲ့။
ခင်ညွန့် ပြုတ်တာ ၂၀၀၄ နှောင်းပိုင်းပါ။ မပြုတ်ခင် လပိုင်း အလိုမှာ ခင်ညွန့်နဲ့ ထောက်လှမ်းရေး တဖွဲ့လုံးကို ဒေါက် ဖြုတ်ရာမှာ အဓိက ဇာတ်ကောင်လို့ စွပ်စွဲ ခံရတဲ့ ထောက်လှမ်းရေး ဗိုလ်ချုပ် ကျော်ဝင်းက သူ့မယားငယ် ရီရီသာကို အမေရိကန် ပို့ပြီးပါပြီ ရီရီသာက အမေရိကန်ကို ၀င်တဲ့ နေရာမှာ ကျော်ဝင်း ခိုးဝှက် ထားတဲ့ အမေရိကန် ဒေါ်လာ သန်းပေါင်း များစွာ နဲ့ ၀င်ပါတယ်။ အဲဒီအချိန်မှာဝါရှင်တန် မြန်မာ သံရုံးမှာရှိနေတဲ့ ထောက်လှမ်းရေးဆဲလ်တွေက ရီရီသာအတွက် အကုန်စီစဉ်ပေးခု့ကြတာပါ
ဒေါ်အောင်ဆန်းစုကြည်ကို တချိန်က နှစ်ပြား မတန်အောင် သွေးထိုးလှုပ်ဆော်ခဲ့ဖူးတဲ့ထောက်လှမ်းရေးအဖွဲ့ တစ်ခုလုံး ကံကြမ္မာရဟတ်လည်ပါတော့တယ် သူခိုးကြီးများအဖွဲ့ ဟု သတင်းစာခေါင်းကြီးပိုင်းများတွင်ပါဝင်လာခဲ့ကြတော့၏
ဗေဒါ
®
နှင့်
သူမိတ်ဆွေများ
Stories by 👁ဗေဒါ
Written by 🖊️ကျည်မင်းသိန်း
Edited by ➡️စည်သူ
🇲🇲အမှန်တရားဘက်တော်သားများအုပ်စု
-
Comments
Post a Comment