<Unicode>
နာက်နှစ်တွေမှာ မေ့မသွားအောင် တင်ထားမယ်
:   
ဖေဖော်ဝါရီ ၁ ရက် (ယနေ့) ဖြစ်ပေါ်ခဲ့သည့် မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှု ဖြစ်စဉ် အဆင့်ဆင့်
 နံနက် ၅ နာရီ - နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် နိုင်ငံတော် သမ္မတ အပါအဝင် NLD ပါတီမှ ခန့်အပ်ထားသည့် အစိုးရ ထိပ်ပိုင်း တာဝန်ရှိသူ များကို စစ်တပ်မှ ဖမ်းဆီးထိန်းသိမ်းကြောင်း သတင်းများ စတင်ထွက်ပေါ် 
 နံနက် ၈ နာရီ - နိုင်ငံပိုင် ရုပ်သံလိုင်းများ၊ မိုဘိုင်း ဆက်သွယ်ရေး ကွန်ရက်များ ပြတ်တောက်သွား
 နံနက် ၈ နာရီခွဲ - ဆန္ဒပြပွဲများ ဖြစ်ပေါ်နေခြင်းကြောင့် နိုင်ငံတော် တည်ငြိမ်မှု ပျက်ပြားသည်ဟု ဆိုကာ စစ်တပ်မှ ခန့်ထားသည့် ဒုတိယ သမ္မတ ဦးမြင့်ဆွေက ယာယီ သမ္မတ တာဝန်ယူပြီး အရေးပေါ် အခြေအနေ ကြေညာ
 နံနက် ၉ နာရီ - ဘဏ်များကို ယာယီ ပိတ်ထားရန် မြန်မာနိုင်ငံ ဘဏ်များ အသင်း အကြောင်းကြား
 နံနက် ၉ နာရီ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ အာဏာ ၃ ရပ် လွှဲအပ်တာဝန်ပေးလိုက်ကြောင်း အမိန့်ထုတ်ပြန်ကြေညာ
 နံနက် ၉ နာရီမှ စ၍ - တပ်ထောက်ခံသူများ အလံများ လွှင့်ထူ၍ ကားများဖြင့် ရန်ကုန်မြို့ကို ပတ်မောင်း၊ အာဇာနည် ဗိမာန်ရှေ့တွင် စုရုံး
 နံနက် ၁၁ နာရီ -  ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထားသူများ ပြန်လွှတ်ပေးရန်နှင့် ဒီမိုကရေစီ နည်းလမ်းတကျ ဖြေရှင်းရန် အမေရိကန် အိမ်ဖြူတော် သတိပေး
 နံနက် ၁၁ နာရီနှင့် ၁ နာရီကြား -  ဩစတြေးလျ၊ အိန္ဒိယ၊ စင်ကာပူ၊ ကနေဒါ စသည့် နိုင်ငံများမှ အစိုးရများက ဖမ်းဆီးထားသူများ ပြန်လွှတ်ပေးရန် တောင်းဆို
နေ့လည် ၁၂ နာရီ -ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရအဖွဲ့ တာဝန်ရှိသူများကို ထိန်းသိမ်းမှုအား ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ရှုတ်ချ
နေ့လည် ၁၂ နာရီ - အရေးပေါ်ကာလ ပြီးစီးပါက ရွေးကောက်ပွဲ ပြန်လည်ကျင်းပမည် ဖြစ်ကြောင်း တပ်မတော်ထုတ်ပြန်
နေ့လည် ၁၂ နာရီ - ပြတ်တောက် သွားသော မိုဘိုင်း ဆက်သွယ်ရေး လိုင်းများ ပြန်ပွင့်
နေ့လည် ၁၂ နာရီ - Chair NLD စာမျက်နှာမှ အာဏာသိမ်းမှုကို ပြည်သူများ  တခဲနက် ဆန့်ကျင်ကြရန် စာထုတ်
မွန်းလွဲ ၁ နာရီ - ဂျပန်နဲ့ ထိုင်းရောက် မြန်မာများ သက်ဆိုင်ရာ သံရုံး၊ ကုလသမဂ္ဂ ရုံးများရှေ့တွင် အာဏာ သိမ်းမှုကို ကန့်ကွက် ဆန္ဒထုတ်ဖော်
ညနေ ၃ နာရီ - သက်ဆိုင်ရာ အဖွဲ့အစည်းများ သဘောထားကွဲလွဲမှုများကို ဖြေရှင်းကြရန် တရုတ်အစိုးရက တောင်းဆို
ညနေ ၄ နာရီ - ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဒေါက်တာ မြင့်ထွေး ရာထူးမှ နှုတ်ထွက်
ညနေ ၄ နာရီ - ဂျပန်အစိုးရက မြန်မာ့အရေးငြိမ်းချမ်းစွာ ဖြေရှင်းရန် တိုက်တွန်း
ညနေ ၄ နာရီ - ဖမ်းဆီးခံထား ရသည့် ပါတီဝင်များနှင့် လွှတ်တော် ကိုယ်စားလှယ် အချို့ ပြန်လည်လွတ်မြောက်
#DemocracyVision
#militarycoup
#timelinechallenge
Crd
<Zawgyi>
:   
 နံနက် ၁၁ နာရီနှင့် ၁ နာရီကြား -  သြစတြေးလျ၊ အိန္ဒိယ၊ စင်ကာပူ၊ ကနေဒါ စသည့် နိုင်ငံများမှ အစိုးရများက ဖမ်းဆီးထားသူများ ပြန်လွှတ်ပေးရန် တောင်းဆို
#DemocracyVision
#militarycoup
#timelinechallenge
Crd
Comments
Popular posts from this blog
အတိတ်ကပုံရိပ်များ……{အပိုင်း ၃၆-၃၇}