Posts
မြန်မာလူမျိုးမှန်လျှင် ဒီအကြောင်းအရာတွေတော့သိထားသင့်တယ်
Image
မြန်မာလူမျိုးမှန်လျှင် ဒီအကြောင်းအရာတွေတော့သိထားသင့်တယ် စစ်တပ်မရှိရင် ဘာဖြစ်သွားမယ် ညာဖြစ်သွားမယ်ဆိုပြီး ပထွေးကိုအိမ်ဦးခန်းမှာတင် ထိုင်ရှိခိုးချင်နေကြတဲ့ စစ်ကျွန် တွေသိစေဖို့.. ====== မေးလို့ဖြေတာ ========= စစ်တပ်က အာဏာမသိမ်းခင် ၁၉၆၀ ခုနှစ် လွန်ခဲ့တဲ့၅၇ခုနှစ်လောက်က မြန်မာနိုင်ငံရဲ့ စီးပွားရေး ကြွေးမြီလည်း မရှိသလို ဘာသယံဇာတကိုမှ ပြည်ပကို ရောင်းမစားရသေးဘူး။  သုံးပြီးစွဲပြီး ပိုလျှံနေတဲ့ အရံ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၂၂၈သန်းရှိတယ်။ မြနိမာက အာရှမှာ အချမ်းသာဆုံး ။  ဂျပန်က စစ်လျှော်ကြေးပေးရလို့ မျက်ဖြူဆိုက်နေတဲ့အချိန်။ ဂျပန်ကို မြန်မာက ဆန်လှူရတယ်။  တရုတ်ဆိုတာလည်း အဲ့ဒီအချိန်မှာ ထမင်းရည်သောက်နေရတဲ့အဆင့် ။ တရုတ်တွေ မြန်မာပြည်ထဲ လှိမ့်ဝင်လာကြတယ်။  ပညာရေးမှာလည်း အာရှမှာ အဆင့်မြင့်ဆုံးပညာရေးစနစ်ကို ပိုင်ဆိုင်ခဲ့တယ်။ ရန်ကုန်တက္ကသိုလ်ဟာ အာရှရဲ့ အကြီးကျယ်ဆုံး အခမ်းနားဆုံး အအောင်မြင်ဆုံးတက္ကသိုလ်ဖြစ်ခဲ့တယ်။ တရုတ် မလေးရှား ထိုင်း အာရှနိုင်ငံအသီးသီးက မြန်မာနိုင်ငံကိုလာပြီး ပညာသင်ကြရတယ်။ ရန်ကုန်တက္ကသိုလ်က ဘွဲ့တခုခုရရင် ကမ္ဘာမှာ ဘယ်နိုင်ငံသွားပြီးအလုပ်လုပ် လစာကောင်းကောင်းရတယ်။ မြန်မာနိုင်ငံက...
Image
<Unicode> နာက်နှစ်တွေမှာ မေ့မသွားအောင် တင်ထားမယ် :    ဖေဖော်ဝါရီ ၁ ရက် (ယနေ့) ဖြစ်ပေါ်ခဲ့သည့် မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှု ဖြစ်စဉ် အဆင့်ဆင့်  နံနက် ၅ နာရီ - နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် နိုင်ငံတော် သမ္မတ အပါအဝင် NLD ပါတီမှ ခန့်အပ်ထားသည့် အစိုးရ ထိပ်ပိုင်း တာဝန်ရှိသူ များကို စစ်တပ်မှ ဖမ်းဆီးထိန်းသိမ်းကြောင်း သတင်းများ စတင်ထွက်ပေါ်   နံနက် ၈ နာရီ - နိုင်ငံပိုင် ရုပ်သံလိုင်းများ၊ မိုဘိုင်း ဆက်သွယ်ရေး ကွန်ရက်များ ပြတ်တောက်သွား  နံနက် ၈ နာရီခွဲ - ဆန္ဒပြပွဲများ ဖြစ်ပေါ်နေခြင်းကြောင့် နိုင်ငံတော် တည်ငြိမ်မှု ပျက်ပြားသည်ဟု ဆိုကာ စစ်တပ်မှ ခန့်ထားသည့် ဒုတိယ သမ္မတ ဦးမြင့်ဆွေက ယာယီ သမ္မတ တာဝန်ယူပြီး အရေးပေါ် အခြေအနေ ကြေညာ  နံနက် ၉ နာရီ - ဘဏ်များကို ယာယီ ပိတ်ထားရန် မြန်မာနိုင်ငံ ဘဏ်များ အသင်း အကြောင်းကြား  နံနက် ၉ နာရီ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ အာဏာ ၃ ရပ် လွှဲအပ်တာဝန်ပေးလိုက်ကြောင်း အမိန့်ထုတ်ပြန်ကြေညာ  နံနက် ၉ နာရီမှ စ၍ - တပ်ထောက်ခံသူများ အလံများ လွှင့်ထူ၍ ကားများဖြင့် ရန်ကုန်မြို့ကို ပတ်မောင်း၊ အာဇာနည် ဗိမာန်ရှေ့တွင် စုရုံး ...
Image
ကုန်းဘောင်ခေတ်နှောင်းပိုင်းမှာ အမြော်အမြင်ရှိတဲ့ မြန်မာခေါင်းဆောင်တွေဟာ ခေတ်မီနိုင်ငံတစ်ခု တည်ဆောက်နိုင်ဖို့အတွက် အနောက်နိုင်ငံများကို ပညာတော်သင်အများအပြားစေလွှတ်ခဲ့ပါတယ်။ စေလွှတ်ခဲ့တဲ့ပညာတော်သင်တွေအနက် ဖန်ချက်ဝန်ဦးရွှေအိုးဆိုတာ ကျွန်တော်တို့ နှောင်းလူတွေ နားအယဉ်ဆုံးနာမည်ဖြစ်မယ် ထင်ပါရဲ့။ ဦးရွှေအိုးကို ၁၊ မတ်၊ ၁၈၃၆မှာ ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့အပိုင် နွယ်ငြိမ်းရွာမှာ ဖွားမြင်ခဲ့ပါတယ်။ အရွယ်ရောက်လာတဲ့အခါ နန်းတွင်းမှာ ၀င်ရောက်အမှုထမ်းနေစဉ် အသက်၁၈နှစ်အရွယ်မှာ ကနောင်မင်းသားကြီးရဲ့ စီမံကိန်းအရ ကာလကတ္တားကို ပညာတော်သင်ငါးဦးစေလွှတ်ရာမှ ပါဝင်ခဲ့ပါတယ်။ ဦးရွှေအိုးတို့ဟာ ကာလကတ္တားက ဒိုရေတန်ကောလိပ်မှာ သိပ္ပံပညာရပ်များကို တစ်နှစ်ခွဲကြာ သင်ယူခဲ့ပြီးတဲ့နောက် မြန်မာနိုင်ငံကို ပြန်လာခဲ့ကြပါတယ်။ ကံအားလျော်စွာနဲ့ပဲ သူတို့ဟာ အပြန်လမ်းမှာ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးရဲ့ လူယုံတော် ကောင့်ဟင်နရီ ဒီဆာဆေနဲ့ ရင်းနှီးခဲ့ပြီး နေပြည်တော်ကို ခေါ်ဆောင်လာခဲ့ပါတယ်။ နောက်ပိုင်းမှာ မင်းတုန်းမင်းနဲ့ ကောင့် ဟင်နရီ ဒီဆာဆေတို့ ညှိုနှိုင်းဆွေးနွေးပြီး ပြင်သစ်ကို ပညာတော်သင်သုံးယောက် စေလွှတ်ရာမှာ ဦးရွှေအိုး ပါသွားခဲ့ပြန်ပါတယ်။ ပြင်သစ်...
Image
ဆင်ဖြူရှင် မြေဒူးမင်း (၁၁၂၅-၁၁၃၈) နောင်တော်ကြီးမင်း နတ်ရွာစံလျှင် သားတော်မြေဒူးမင်းသား သီရိဓမ္မရာဇာသည် ထီးနန်းဆက်ခံလေသည်။ ထိုမင်းလက်ထက် ဇင်းမယ်ကို အောင်နိုင်၍ အဘယဂါမဏိကို ဇင်းမယ်မြို့ဝန် ခန့်လေသည်။ ၁၁၂၅ ခုနှစ်တွင်ပင် အင်းဝြမို့တော်ကို ပြုပြင်၍ နေမျိုးသီဟပတေ့အား ယိုးဒယားသို့ ချီစေလေသည်။  ၁၁၂၇ ခုနှစ်တွင် အင်းဝသို့ မြို့တော်ပြောင်းလေသည်။ ၁၁၂၆ ခုနှစ်တွင် မဟာနော်ရထာအား ထားဝယ်ကြောင်းဖြင့် ယိုးဒယားသို့ ချီစေပြန်လေသည်။ ယိုးဒယားကို အောင်နိုင်၍ သုံ့ပန်းပညာသည်များ အပါအ၀င် လူတစ်သိန်းကျော် ခေါ်ဆောင်လာခဲ့လေသည်။  ထိုမင်းလက်ထက်တွင် ဗြိတိသျှတို့က မြှောက်ပေးသဖြင့် မဏိပူရက ထိပါးနှောင့်ယှက်လာရာ ၁၁၂၆ ခုနှစ်တွင် ချီတက်နှိမ်နင်းရလေသည်။ ၁၁၂၇ ခုနှစ်တွင် ဗန်းမော်မှ တရုတ်ကုန်သည်တစ်ဦးသည် ဗန်းမော်စစ်ကဲကို မချေမငံပြု၍ နေပြည်တော်သို့ပို့၍ စစ်ဆေးသည်တွင် ပြန်၍လွှတ်လိုက်သော် တရုတ်ပြည် မိုင်းဆည်ဝန်ထံ တိုင်ကြားလေသည်။  ကျိုင်းတုံတွင်လည်း တရုတ်ကုန်သည်တစ်ဦးသည် အကြွေးတောင်းရာမှ ခိုက်ရန်ဖြစ်ပွားသဖြင့် ငယ်သားတစ်ဦး သေဆုံးသည်တွင် မြန်မာမြို့ဝန်က စီရင်ဆုံးဖြတ်သည်ကို မကျေနပ်ဘဲ မိုင်းဆည်ဝန်ကို တိုင်ကြားလေသည်။  တရုတ်...
Image
အိမ်ရှေ့ကိုယ်တော်ကြီးကို လုပ်ကြံခံရမည့်မနက်မှာ အိမ်တော်မှ အထွက် ဆင်တော်သို့ တက်ရာ ဗောင်းတော်ကျွတ်ကျလေသည်။ ထိုအခါ မိဖုရား လိုင်ထိပ်ထားက ကောက်ပေးရာ အရိပ်ထဲတွင် အိမ်ရှေ့ကိုယ်တော်၏ ဦးခေါင်း ရိပ်ကိုမမြင်သဖြင့် နိမိတ်မကောင်းပါ၊ လွှတ်တော်မတက်ရန် လျှောက်ထားပါတယ်။ သို့သော် ကနောင်မင်းသားက “ ငါ့ကို ရန်ပြုနိုင်သူ မမွေးသေး” ဆိုပြီး ဆင်စီးပြီး လွှတ်တော်သွားတက် ပါတယ်။ ထိုအချိန်တွင် နန်းတော်အတွင်း မင်းသားတွေနဲ့ ပတ်သက်ပြီး ကောလဟလ ထွက်ရာ တူတော်မြင်းကွန်းတို့၏ လူပ်ရှားမူကား ပုံမှန် မဟုတ်သဖြင့် ကနောင်မင်းသားက လွှတ်တော်သို့ မတင်မီ ကိုယ်ရံတော်တပ် တို့ကို လွှတ်တော်အပြီး တွင် မြင်းကွန်းတို့ကို ဖမ်းလာရန် အမိန့်ပေးထားခဲ့သည်။ သို့သော် မြင်းကွန်းတို့က ငါတို့ကား မင်းသားဖြစ်သည်၊ ဘုရင်မှတပါး ငါ့တို့ကို မဖမ်းနိုင်ဆိုပြီး လာဖမ်းသည်ကို အာဏာဖီဆန်လေသည်။ မင်းတုန်းမင်းက လွှတ်တော်ကို ကိန်းခန်းအရ မြို့အပြင်တွင် ထွက်ပြီး လွှတ်တော်စည်းဝေးကျင်းပရသည်။ ကနောင်မင်းသားလည်း လွှတ်တော်(ယာယီ)တွင် စည်းဝေးနေစဉ် မြင်းကွန်းညီနောင်မှာ ရန်ဖြစ်သလို ဓားချင်းခုတ်ပြီး လွှတ်တော်ဝန်းအတွင်း ပြေးဝင်လာသည်။ (ဥပဒေအရ လွှတ်တော်အစည်းအဝေး အတွင်း မည်သူမျှ လက်နက်ကိုင်...
Image
အနောက်နန်းမိဖုရား မမြကလေး၏ "သိင်္ဂါရွှေရောင်ပတ်ပျိုး" သည် သိင်္ဂုတ္တရ ကုန်းတော်အမြင့်မှနေ၍ အရပ် လေးမျက်နှာသို့ ရှုမျှော်ရာ ၌ မျက်ဝါးထင်ထင် တွေ့မြင်နေရသော ရှုခင်းအထွေထွေ၊ ရေမြေ တောတောင်၊ လျှိုမြောင်ချပ်ကြားနှင့် မြစ်ချောင်းအင်းအိုင်များကို ရှုစား၍ စာဆိုပီပီ ကုံးသီဖွဲ့နွဲ့ ထားခဲ့ခြင်း ဖြစ်ကြောင်း ကို လစိမ်းရောင်စို တောင်ညိုမြမှိုင်း၊ သီတာခွေလို့သာ ရေပတ်လည်ဝိုင်း" ဆိုသော သီချင်း တစ်ပုဒ် နှင့်ပင် လုံလောက်စွာ သိရှိနိုင်ပါသည်။ အမရပူရ နန်းတော်တွင်း၌ ယခု ယာယီ ဥက္ကလာပ စံနန်းတော်တွင်းတွင် မြ၀တီမင်းကြီး၊ ပြင်စည်မင်းသား ကြီး နှင့် အနောက်နန်း မိဖုရား မမြကလေးတို့၏ သီချင်းကဗျာ ဂီတ အဖွဲ့အနွဲ့ တို့ကို ဖတ်ရွတ် သီဆိုမှု ပြုကြ သော နန်းတွင်းသား၊ နန်းတွင်းသူတို့၏ နှုတ်ဖျားတွင် ပြည်မင်းသား၏ သီချင်းတစ်ပုဒ်ကလည်း ကြိုကြား ပေါ်ပေါက်ခဲ့ပြန်ပါသည်။ ပြည်မင်းသားသည် (သာယာဝတီ) ရွှေဘိုမင်းတရားကြီး၏ သားတော်ကြီးတစ်ပါး ဖြစ်ပါသည်။ ဥက္ကလာပ စုန်တော် မူခဲ့ရာတွင် ရေတပ်တော်ကြီး၏ ရှေ့တပ်ဦးစီး ဗိုလ်ချုပ်ကြီးအဖြစ် ခန့်အပ်တော်မူ၍ ၄င်း၏ ညီတော် ပခန်းမင်းသား အား နောက်တပ် ဗိုလ်ချုပ်၊ ဗိုလ်မှူးခန့်အပ်ပါသည်။ ခမည်းတော် ရွှေဘို မင်းတရား...
Image
စစ်သူကြီး မဟာဗန္ဓုလ မြန်မာနိုင်ငံတွင် စစ်သူကြီးများ ရှိသည့်အနက် အမြော်အမြင် ရှိခြင်း ၊ ရဲရင့်ခြင်း ၊ လုံ့လဝီရိယ ရှိခြင်း ၊ မြင့်မြတ်သော နှလုံးထားရှိခြင်း တို့တွင် သူထက်လွန်သော မဟာဗန္ဓုလ စစ်သူကြီး အကြောင်းတို့ကို မကျဉ်းမကျယ် ဖော်ပြပေအံ့။ အထက်မြန်မာနိုင်ငံ အောက်ချင်းတွင်းနယ် တပယင်းတွင် (ငပယင်းလည်း ဟူ၏) လယ်ယာကိုင်းကျွန်း လုပ် ကိုင်စားသောက်ရ၍ ပစ္စည်းဥစ္စာ ချို့တဲ့ရှာသော ဦးပေါက်တော ၊ မယ်မိငြိမ်တို့မှ မောင်ရစ် ၊ မောင်အေး ၊ မယ်ဒုတ် ၊ မောင်မြတ်နေ တို့ကို မွေးဖွားရာ မောင်ရစ်ကား နောင်အခါ မဟာဗန္ဓုလ စစ်သူကြီးဟု ထင်ရှားကျော်စောသူ ဖြစ်လာလေသည်။ မောင်ရစ်၏ ဖွားသက္ကရာဇ်ကား ၁၁၄၄ ခု ၊ တန်ဆောင်မုန်းလဆန်း ၂ ရက် ၊ တနင်္လာနေ့ နံနက် တစ်ချက် တီးအချိန် ဖြစ်သည်။ ရန်ကုန်မြို့ ကွယ်လွန်သူ ဗေဒင်ဆရာ ဦးထွန်းငြိမ်းထံမှ ရသော ဇာတာပုံအရဖြင့် ကန်တွင် ၁-၂-၃-၆ ၊ တူ တွင် ၄ လ ၊ ဗြိစ္ဆာတွင် -၀ ၊ ဓနုတွင် - ၅ ၊ မိန်တွင် - ၈ တည်နေလေသည်။ ထိုဗေဒင်ကိန်းအရ မည်သည့် နေရာမဆို ပြုလုပ်ဆောင်ရွက်လျှင် ထူးထူးချွန်ချွန် သူများထက် ကဲလွန်အောင် ကောင်းသည့်နေရာ၌ လည်းကောင်း ၊ ဆိုးသည့်နေရာ၌ လည်းကောင်း ပြုတတ်၏။ အလွန် ထက် မြက် သော စိတ်လည်း ရှိတတ်၏။ မောင်ရစ် ၁၃ န...